DVB Logo
Home
မြန်မာသတင်း
အလန်းစားရိုက်ချက်တွေနဲ့ ချင်းတိုင်းရင်းသူ နီလန်းရဲ့ အသည်းကွဲသီချင်း (ရုပ်သံ)
DVB
·
March 6, 2019
အလန်းစားရိုက်ချက်တွေနဲ့ ချင်းတိုင်းရင်းသူ နီလန်းရဲ့ အသည်းကွဲသီချင်း (ရုပ်သံ)
Donate to DVB

    “ချစ်နေလျက်နဲ့ ကိုယ်မေ့ဖို့ ကြိုးစားတာ… ကိုယ့်မှာ ခက်တယ်… နှလုံးသားနုသူမို့ … အကြမ်းမခံဘူးကွယ်… နှလုံးသားလေးက”

    ဒါကတော့ လတ်တလောထွက်ရှိလာခဲ့တဲ့ ပျော်နေပါတော့ အမည်ရတဲ့ သီချင်း သစ်တပုဒ်ထဲက စာသားတွေဖြစ်ပြီး ချင်းတိုင်းရင်းသူ အဆိုတော် နီလန်းက သီဆိုထားတာပါ။

    “သို့ပေမယ့်လေ မင်းပျော်နိုင်ဖို့အတွက်ဆို… သည်းခံပါ့မယ်… သွားလိုက် ချစ်သူလေး… ဂရုမစိုက်ပါနဲ့ အချစ်… သွားပါ”

    ချစ်စရာကောင်းတဲ့ ခပ်ဆွေးဆွေး သီချင်းစာသားတွေနဲ့ ထွက်ရှိလာခဲ့တဲ့ ဒီသီချင်း ကိုတော့ တေးရေး December Thiam Mawi က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဇာတ် လမ်းတပုဒ်အသွင်နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။

    “ကိုယ့်နှလုံးသားလေးဟာ… ကြေမွပြီ… ပျောက်ဆုံးအိပ်မက်များ… အဓိပ္ပါယ်မဲ့… အချစ် မင်းက ကိုယ့်ရဲ့ အရှင်သခင်ပါ… ဒါပေမယ့် သိပ်ချစ်လို့… ပေးဆပ်ပါ့မယ်… သွားတော့… ရင်ခွင်အသစ်နဲ့အတူတူ… ထာဝစဉ်ပျော်ပါတော့… Good Bye”

    သီချင်းအမ်တီဗွီတပုဒ်အဖြစ် ဒါရိုက်တာ Jason ya က ပုံဖော်ရိုက်ကူးထားတဲ့ ဒီသီ ချင်းထဲမှာတော့ နီလန်းရဲ့ သီဆိုဟန်ပုံရိပ်တွေနဲ့အတူ သရုပ်ဆောင် ငြိမ်းသော်၊ Dee တို့ နဲ့အတူ ခံစားကြည့်ရှုကြရမှာပါ။

    နီလန်းဟာ မနှစ်က ကျင်းပခဲ့တဲ့ Myanmar Idol Season 3 မှာ ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာကတဆင့် ပရိသတ် သတိပြုမိခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013