DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်တို့အမှု မတ်လ ၁၉ ရက်နေ့ အပြီးသတ်အမိန့်ချမည်
DVB
·
March 6, 2019
ဒေါက်တာအေးမောင်တို့အမှု မတ်လ ၁၉ ရက်နေ့ အပြီးသတ်အမိန့်ချမည်
Donate to DVB

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး လာမယ့် မတ်လ ၁၉ ရက်မှာ အပြီးသတ်စီရင်ချက်အမိန့် ချမှတ်တော့မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့နဲ့ အမှုရင်ဆိုင်နေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး နှစ်ဘက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီးနောက် ခရိုင်တရားသူကြီးက အမိန့်ချမယ့်ရက်ကို ဆုံးဖြတ်ခဲ့တာပါ။

ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်တို့ကို ရသေ့တောင် စာပေဟောပြောမှု နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ဇန်နရီလက ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦး အမှုရင်ဆိုင်နေရတာ အခုဆိုရင် တနှစ်ကျော်ရှိပါပြီ။

ဒေါက်တာအေးမောင်တို့ စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်လို့ တရားလိုဘက်က သက်သေတွေရော၊ တရားခံဘက် သက်တွေကိုပါစစ်ဆေးပြီးဖြစ်လို့ ပြီးခဲ့တဲ့ရုံးချိန်းတွေက အပြီးသတ်လျှောက်လဲချက်ပေးရမှာဖြစ်ပေမယ့် တရားသူကြီးအပြောင်းအလဲရှိလို့  ရုံးချိန်း နှစ်ပတ်ကျော် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်တို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၃ခုလုံးနဲ့ တစုံတရာငြိစွန်းမှုမရှိတာကြောင့် ပြီးခဲ့နှစ်က စွဲဆိုထားတဲ့အမှုအားလုံးကိုပယ်ဖယ်ပေးဖို့ လျှောက်လဲချက်ပေးခဲ့ပေမယ့် ပုဒ်မ ၁၇ (၁) (၂)ကိုသာ ပြည်နယ်တရားလွှတ်တော်က ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို အခုတကြိမ်နဲ့ပါဆိုရင် ရုံးချိန်းပေါင်း အကြိမ်(၄၀)မြောက် တရားရုံးထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တရားဥပဒေရဲ့ စိုးမိုးမှုလိုအပ်သလို တရားစီရင်ရေးမဏ္ဍိုင် ပြန်လည်တည့်မတ်စေချင်တယ်လို့ ဒေါက်တာအေးမောင်က မီဒီယာတွေကိုပြောပါတယ်။

သတင်း- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013