DVB Logo
Home
မြန်မာသတင်း
စာမေးပွဲဖြေရန် ကျောင်းမှားရောက်လာသည့် ကျောင်းသူကျောင်းသားများကို ယာဉ်ထိန်းရဲလိုက်ပို့
DVB
·
March 6, 2019
စာမေးပွဲဖြေရန် ကျောင်းမှားရောက်လာသည့် ကျောင်းသူကျောင်းသားများကို ယာဉ်ထိန်းရဲလိုက်ပို့
1 / 7
Donate to DVB

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ ကျောင်းမှားပြီး ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေကို ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေနဲ့ သက်ဆိုင်ရာကျောင်းကို လိုက်ပို့ပေးခဲ့ပါတယ်။

ဒီနေ့စတင်ဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲပထမရက်မှာ စမ်းချောင်းမြို့နယ် အ.ထ.က (၂)ကို ကျောင်းသားတယောက်က မှားရောက်လာတာဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၄၂ က တပ်ဖွဲ့ဝင်တွေက  အချိန်မီ စာမေးပွဲဖြေဆိုနိုင်ဖို့ သူဖြေဆိုရမယ့် ကျောင်းကို မီးတန်းဆိုင်ကယ်နဲ့ လိုက်ပို့ပေးခဲ့တယ်လို့ ယာဉ်ထိမ်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ကြည့်မြင်တိုင် အ.ထ.က (၂) မှာ စာမေးပွဲဖြေရမယ့် ကျောင်းသူ ၂ ယောက်ဟာ လည်း ကြည့်မြင်တိုင် အ.ထ.က (၁) ကိုမှားရောက်လာတာကြောင့် ကျောင်းရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေက မီးတန်းကားနဲ့ လိုက်ပို့ခဲ့တယ်လို့လည်းဆိုပါတယ်။

ဓာတ်ပုံ - Yangon Traffic Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013