DVB Logo
Home
Lead Story
ခန့်စည်သူနှင့် အိချောပိုခေါင်းဆောင်ပါဝင်သည့် လှတောသားနဲ့ ယောက္ခမလောင်းရုပ်ရှင်(နမူနာ)
DVB
·
March 6, 2019
ခန့်စည်သူနှင့် အိချောပိုခေါင်းဆောင်ပါဝင်သည့် လှတောသားနဲ့ ယောက္ခမလောင်းရုပ်ရှင်(နမူနာ)
Donate to DVB

    မြန်မာဟာသဒရာမာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် လှတောသားနဲ့ ယောက္ခ မလောင်း ရုပ်ရှင်ကားကို လာမယ့် မတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီကားကိုတော့ မြင့်မိုရ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဇော်မြင့်ဦးက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

    လှတောသားလို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက စကားအရာမှာ ၂ ယောက်မရှိ အောင် ကြွယ်သူတွေလို့ ပြေးမြင်မိကြမှာပါ။ ဒီကားထဲမှာတော့ ချစ်စရာကောင်းတဲ့ လှတောသူ၊ လှတောသားတွေရဲ့ ဓလေ့ထုံးစံတွေနဲ့ ကျေးလက်သဘာဝ ဟာသရသပေါ် လွင်အောင် ရိုက်ကူးထားတာတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။

    ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ခန့်စည်သူ၊ အိချောပို၊ ကျော်ကျော်၊ ချမ်းမေမြတ်နိုးတို့က ခေါင်းဆောင်ပါဝင်ထားပြီး တခြားဟာသ သရုပ်ဆောင်တွေ လည်းပါဝင်ထားကြပါတယ်။

    ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာတော့ လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013