DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်​တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်၍ ရွာသားများ ထွက်ပြေးလာ
DVB
·
March 5, 2019
မြောက်ဦးမြို့နယ်​တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်၍ ရွာသားများ ထွက်ပြေးလာ
1 / 7
Donate to DVB

တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ မတ်လ ၄ ရက်က တိုက်ပွဲဖြစ်ပွားလို့ မြောက်ဦးမြို့နယ်ထဲရှိ ကျေးရွာတချို့က ထောင်နဲ့ချီတဲ့ ရွာသားတွေ ကစဉ်ကလျှားနဲ့ နီးစပ်ကျေးရွာတွေနဲ့ မြောက်ဦးမြို့ပေါ်ကို  စစ်ဘေးရှောင် ထွက်ပြေးလာနေကြပါတယ်။

မြောက်ဦးမြို့နယ်လေးမြို့မြစ် အထက်ပိုင်း ဘုရားကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး တိုက်ပွဲဖြစ်နေတဲ့အတွက် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့  ၇ွာသားတွေက ပြောပါတယ်။

ဘုရားကြီး၊ မော်ရွာသစ်၊ မော်ရွာဟောင်းစတဲ့ကျေးရွာတွေကနေ ရွာသားတွေဟာ စင်္ဘောကိုင်ကျေးရွာကို ဒီနေ့မနက် စတင်ထွက်ပြေးလာပြီး တချို့ စစ်ဘေးရှောင်တွေကတော့ မြောက်ဦးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းနဲ့ နီးစပ်နေရာတွေ ဆီကို ထွက်ပြေး ခိုလှုံလာကြပါတယ်။

တပ်မတော်စစ်ကြောင်းက ဆင်အိုချေကျေးရွာကိုရောက်ရှိလာပြီး ဒဏ်ရာရရှိထားတဲ့ တပ်မတော်သားတဦးကို စက်လှေနဲ့လိုက်ပို့အပြန်မှာ မနေ့ညက တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ စက်လှေနဲ့ အတူလိုက်ပါခဲ့တဲ့ ကျေးရွာသားတဦးက  ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စက်လှေနဲ့လိုက်ပို့ပေးတဲ့ ဆင်အိုးချေကျေးရွာက ဒေသခံတဦး ပေါင်မှာသေနတ်ဒဏ်ရာ ထိမှန်ခဲ့လို့ စစ်တွေကို အရေးပေါ်ပို့ဆောင်ပေး ခဲ့တယ်လို့ ဆင်အိုးချေကျးရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာကသား ၅၀၀ နီးပါကလည်း ကျေးရွာရဲ့ အနီးကို တပ်မတော်စစ်ကြောင်းရောက်ရှိနေတာကြောင့် စိုးရိမ်ပြီး မြောက်ဦးမြို့ပေါ် ကို တိမ်းရှောင်နေကြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း  တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူသူပေါင်း  ၁၀၀၀၀ နီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ခိုင်မင်းသျှင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013