DVB Logo
Home
မြန်မာသတင်း
သြစတြီးယား-မြန်မာတွဲဖက်ရိုက်ကူးမည့် ရုပ်ရှင်အတွက် သရုပ်ဆောင်သစ်များ ခေါ်ယူ
DVB
·
March 5, 2019
သြစတြီးယား-မြန်မာတွဲဖက်ရိုက်ကူးမည့် ရုပ်ရှင်အတွက် သရုပ်ဆောင်သစ်များ ခေါ်ယူ
Donate to DVB

သြစတြီးယားနဲ့ မြန်မာရုပ်ရှင်ရှင်ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်မယ့် ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်လိုတဲ့ သရုပ်ဆောင်တွေကို စတင်ခေါ်ယူနေပါတယ်။

ဒီခေါ်ယူမှုကိုတော့ Communication Services Group CSG ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာက  တဆင့် မျှဝေထားခဲ့တာဖြစ်ပါတယ်။

ဂျာမန်လူမျိုး ဂျာနယ်လစ်၊ စာရေးဆရာ ယန်းဖိလစ်ဆန်ကာ ရေးသားခဲ့တဲ့ မြန်မာပြည် နောက်ခံဝတ္ထု  The Art of Hearing Heartbeats ကို ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်မယ့် ဒီကားထဲမှာတော့ မြန်မာသရုပ်ဆောင်တွေကို အဓိကထားရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

ဒီဝတ္ထုကို မြန်မာဘာသာပြန်ဆရာတွေဖြစ်ကြတဲ့ သင့်လူနဲ့ နိုင်ဦးတို့က နားစွင့် ကြားဟန် ရင်ခုန်သံ၊ နှလုံးသားစည်းချက်တို့ သယ်ဆောင်ရာ စတဲ့ နာမည်အသီးသီးနဲ့ ဘာသာပြန်ဆိုခဲ့ကြပြီး ဖြစ်ပါတယ်။

ခုလက်ရှိ သရုပ်ဆောင်သစ်ခေါ်ယူမှုမှာတော့ အသက်အရွယ်၊ ကျား/မ၊ လိုအပ်တဲ့ အရည်အချင်းတွေအလိုက် ခုလိုဖော်ပြထားတာကို တွေ့ရပါတယ်။

(၁) အသက် ၁၆ နှစ်ခန့် အမျိုးသား ၁ ဦး
အရပ်ရှည်ရှည်၊ ဥပဓိရုပ်ကောင်းရမည်။ ဗမာဆန်သော မျက်နှာ၊ ကျစ်လစ်ပြီး တည့်မတ် သော ကိုယ်ကာယ ရှိရမည်။
(၂) အသက် ၁၅/၁၆ နှစ်ခန့် အမျိုးသမီး ၁ ဦး
သိမ်မွေ့နူးညံ့သော၊ ဗမာဆန်သော အမျိုးသမီး၊ သေးသွယ်သော ကိုယ်ကာယ၊ သန်စွမ်း သော ဆံပင် ရှိရမည်။
(၃) အသက် ၆ နှစ်ခန့် ယောက်ျားလေး ၁ ဦး
ဥာဏ်ကောင်းပြီး သွက်လက်ကျန်းမာ၊ ချစ်စရာကောင်းသော ဗမာဆန်သော ကလေး။
(၄) အသက် ၄၅ နှစ်ခန့် အမျိုးသား ၁ ဦး
ယဉ်ကျေးပြီး ကြင်နာတတ်သော မျက်နှာရှိရမည်။ ရိုးသားပြီး ကျန်းမာသန်စွမ်းပုံ ပေါက်ရမည်။
(၅) အသက် ၅၀-၅၅ နှစ်ခန့် အမျိုးသား ၁ ဦး
ဘုန်းတော်ကြီးအဖြစ် သရုပ်ဆောင်ရန်၊ ကြည်ညိုဖွယ် အသွင်ရှိရမည်။ စကားပြောသိမ်မွေ့ပြီး တည်ငြိမ်သော အသံရှိရမည်။ အေးဆေးတည်ငြိမ်သော အသွင်ရှိရမည်။
(၆) အသက် ၄၉-၅၉ နှစ်ခန့်ရှိ အမျိုးသား ၁ ဦး
လူချမ်းသာပုံ ပေါက်ရမည်။ အတ္တကြီးပြီး ကိုယ်ကျိုးရှေ့ရှုကာ ကိုယ်ချင်းစာတရား ကင်းမဲ့သော မျက်နှာထား ရှိရမည်။
(၇) အသက် ၆၀ ခန့် အမျိုးသမီး ၁ ဦး
လှပပြီး ရည်မွန်သော၊ ဗမာဆန်သော အမျိုးသမီးကြီး။
(၈) အသက် ၃၆ နှစ်ခန့် အမျိုးသမီး ၁ ဦး
တက်ကြွဖျတ်လတ်ရမည်။ သန်မာပြီး အလုပ်ကြိုးစားပုံ ပေါက်ရမည်။ မိခင်ကောင်းတယောက်၏ အသွင်သဏ္ဍာန် ရှိရမည်။
(၉) အသက် ၆၀-၈၀ ခန့် အမျိုးသား ၁ ဦး
အမှန်တကယ် သရုပ်ဆောင်ရမည့် ဇာတ်ရုပ်မှာ အသက် ၈၀ ဖြစ်သည်။ ဥာဏ်ပညာပြည့် ၀သော မျက်နှာထားမျိုး ရှိရမည်။ စူးရှသော မျက်လုံးများ ရှိရမည်။ မျက်နှာတွင် အရေးအကြောင်းများ ရှိပါက ပိုကောင်းသည်။
(၁၀) အသက် ၁၅-၂၀ ကြား အမျိုးသား ၃ ဦး
မ၀ဘဲ ကျစ်လစ်သန်မာသူများ ဖြစ်ရမည်။
လျှောက်ထားလိုသူတွေအနေနဲ့ ကိုယ်လုံးပေါ် ဓာတ်ပုံအတည့် ၁ ပုံ၊ ကိုယ်တပိုင်း ဘေးစောင်းဓာတ်ပုံ ၁ ပုံ၊ မျက်နှာ Close Up ၁ ပုံ၊ ကိုယ်ရေးအကျဉ်း၊ အနုပညာလှုပ်ရှားမှု အကျဉ်းတို့နဲ့အတူ Casting Application for Heartbeats လို့ ခေါင်းစဉ်တပ်ဖော်ပြပြီး [email protected] သို့ လိပ်မူကာ မေလ ၂၃ ရက် နောက်ဆုံးထား ပေးပို့ လျှောက်ထားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013