DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်​ ကူတူပါ​လောင်​ဒုက္ခသည်​စခန်းမှ  မိသားစု ၂ စု မောင်တောသို့ ပြန်ဝင်​​ရောက်
DVB
·
March 5, 2019
ဘင်္ဂလားဒေ့ရှ်​ ကူတူပါ​လောင်​ဒုက္ခသည်​စခန်းမှ  မိသားစု ၂ စု မောင်တောသို့ ပြန်ဝင်​​ရောက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်​နိုင်​ငံ ကူတူပါ​လောင်​ဒုက္ခသည်​စခန်းမှ လူ ၅ ဦးပါတဲ့ မိသားစု ၂ စုဟာ မတ်​လ ၁ ရက်​​က​  ရေ​​ကြောင်းနဲ့ ထွက်ခွာလာပြီး မတ်လ ၄ ရက်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ပြန်​လာသူတွေဟာ ရ​သေ့​တောင်​မြို့နယ်​၊ ဆင်​ခုံး​တောင်​အုပ်​စုမှာ နေထိုင်ခဲ့ဖူးတဲ့ အဒူ​ရော်​ဇက်​ (၄၈ နှစ်​)နဲ့ ဘူးသီး​တောင်​မြို့နယ် ကကျက်​ဘက်​​ကျေးရွာအုပ်​စုမှာ နေထိုင်ခဲ့တဲ့ မူဟာမတ်​​ဆော်​လိမ်​ (၂၄ နှစ်​)၊ သူ့ရဲ့ဇနီးနဲ့ သား ၂ ဦး တို့ဖြစ်​ကြပါတယ်။

သူတို့ဟာ​ UNHCR ရဲ့ အစီအစဉ်နဲ့ ​မောင်​​တောမြို့ ခြံပြင်​​ကျေးရွာအုပ်​စု စပယ်​ပင်​ရင်း​ချောင်းဝကနေ ၀င်​​ရောက်​လာခဲ့ကြတာဖြစ်ပြီး လူကယ်​ပြန်​၀န်ကြီးဌာနက  စားနပ်​ရိက္ခာတွေ ကူညီ​ထောက်​ပံ​ပေးခဲ့ပါတယ်။

မိသားစု ၅ ဦးကို ​မောင်​​တောမြို့ ၃ မိုင်​ရှိ UNHCR ရုံးရှိတာဝန်​ရှိသူတွေက ​မောင်​​တော ခရိုင်​အုပ်​ချုပ်​​ရေးဦးစီးဌာနကို သတင်းပို့လာတဲ့အတွက် ​မောင်​​တောခရိုင်​ လ၀က ရဲ့ လုပ်​ထုံးလုပ်​နည်းတွေနဲ့ အညီ စစ်​​ဆေး​ဆောင်​ရွက်​ခဲ့ပါတယ်။

ဒီလိုစစ်ဆေးရာမှာ ရ​သေ့​တောင်​မြို့နယ်​ ဆင်​ခုန်​​တောက်​​ ကျေးရွာအုပ်​စု လွန်း​တောင်​​ကျေးရွာ​နေ အသက် ၄၈ နှစ်အရွယ် အဒူ​ရော်​ဇက်​ဟာ ရာဇသတ်​ကြီးပုဒ်​မ ၂၉၄/၃၉၄ နဲ့အမှုဖွင့်​ခံထားရသူဖြစ်​ပြီး  ထွက်​​ပြေးတိမ်းရှောင်​​နေသူဖြစ်​​ကြောင်း စိစစ်​​တွေ့ရလို့ မတ်​လ ၄ ရက်​ နေ့လယ်က ​ အမှတ်​(၃) နခခ ဘူသီး​တောင်ကို လွှဲပြောင်းပေးခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃လ၊ ငွေဒဏ် သို့မဟုတ် ဒဏ် နှစ်ရပ်လုံး ကျခံ ရနိုင်ပါတယ်။

မောင်တောခရိုင် ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထူးက “ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ရှိနေပြီး နှစ်နိုင်ငံ စာရင်းဇယားတွေ စစ်ဆေးဆောင်ရွက်ချက်တွေအပြင် ပြန်လည် ၀င်ရောက်လာမယ့်သူတွေကို နေရချထားပေးရေးအတွက် UNHCRနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။

၂၀၁၇ အကြမ်းဖက်မှုအပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေအတိုင်း ဝင်ရောက်လာသူ ၁၇၇ ဦးရှိခဲ့ပြီး  အခု ဝင်ရောက်လာသူ ၅ ဦးနဲ့ ပါဆို ၁၈၂ ဦးရှိသွားပြီ ဖြစ်ပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013