DVB Logo
Home
မြန်မာသတင်း
နို့ဖိုးဒုက္ခသည်စခန်းမီးလောင်မှု လူပေါင်း ၄၀၀ ကျော်အိုးအိမ်မဲ့ဖြစ်
DVB
·
March 5, 2019
နို့ဖိုးဒုက္ခသည်စခန်းမီးလောင်မှု လူပေါင်း ၄၀၀ ကျော်အိုးအိမ်မဲ့ဖြစ်
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခရိုင် အုန်းဖျံခရိုင်ထဲက နို့ဖိုးကရင်ဒုက္ခသည်စခန်းမှာ မနေ့ မတ်လ ၄ ရက် ညနေပိုင်းက လူနေအိမ် ၈၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး စခန်းမှာ နေထိုင်သူသူပေါင်း ၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

နို့ဖိုးဒုက္ခသည်စခန်း ရပ်ကွက် ၁၆ ကနေ စတင်မီးလောင်ခဲ့တာဖြစ်ပြီး မီးဘေးသင့်သူတွေဟာ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေနဲ့ အများပိုင် အဆောက်အဦတွေမှာ ခိုလှုံနေရတယ်လို့ ကရင်ဒုက္ခသည်ကော်မီတီ (ကေအာစီ) အတွင်းရေးမှူး စောဘွယ်စေးက ဒီဗွီဘီကို ပြောပါတယ်။

“အိမ်အလုံး ၈၈ လုံး ပါသွားတယ်ပေါ့နော်။ လူဦးရေ ကျတော့ ၄၀၀ ကျော်တယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာရတာတို့ အသက်တွေဘာတွေ ဆုံးရှုံးတာတော့မရှိဘူးပေါ့။ မီးလောင်တဲ့ အကြောင်းအရင်းက ညနေ ၂ နာရီခွဲ ၃ နာရီက ထမင်းဟင်းချက်စားပြုတ်စားတဲ့အချိန်ပေါ့နော်။ အဲဒီမှာ ချက်ပြုတ်စားသောက်ရာကနေ မီးထလောင်တယ်လို့တော့ ပြောတာပေါ့နော်။  ”

ဒီမီးလောင်မှုကြောင့် ပစ္စည်းတွေ သယ်ယူနိုင်တဲ့သူတွေရှိသလို၊ အိမ်တွင်းပစ္စည်း မသယ်နိုင်ပဲ အားလုံးမီးလောင်ဆုံးရှုံးသွားခဲ့သူတွေလည်း ရှိပါတယ်။

“အဝေးမှာရှိတဲ့လူတွေကတော့ သူတို့ အိမ်တွေ၊ ပစ္စည်းတွေဆွဲချလို့ အားရင်အားမယ် ပေါ့နော်။ သို့သော်လည်းပဲ အနီးကပ်မှာ ပါသွားတဲ့လူတွေကျတော့ အိုးရောခွက်ရော၊ ပန်ကန်၊ စောင်၊ ခြင်ထောင်၊ အ၀တ်အစားတွေ ပါသွားတယ်။”လို့  စောဘွယ်စေးက ပြောပါတယ်။

မီးလောင်တဲ့နေရာကို ဒေသခံ ထိုင်းရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ချက်ချင်းရောက်ရှိ ကူညီပေးခဲ့ပေမယ့် လောလောဆယ် အိုးခွက်ပန်းကန်၊ အ၀တ်အစားတွေနဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်။

နို့ဖိုးဒုက္ခသည် စခန်းမှာ  မြန်မာဒုက္ခသည် ၁ သောင်းကျော်ခိုလှုံနေထိုင်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် တလျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး  ၂၀၁၇ ဇူလိုင်လကလည်း မယ်ဟောင်ဆောင်ရှိ ကရင်နီဒုက္ခသည်စခန်း မီးလောင်ခဲ့လို့ ဒုက္ခသည်နေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၃ မတ်လက ကရင်နီဒုက္ခစခန်းမီးလောင်ပြီး  ဒုက္ခသည် ၃၆ ဦးသေ ဆုံးခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013