DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အကြိုကာလ ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများ နေ့စဉ်ထောင်ချီ နေရပ်ပြန်
DVB
·
March 5, 2019
သင်္ကြန်အကြိုကာလ ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများ နေ့စဉ်ထောင်ချီ နေရပ်ပြန်
1 / 3
Donate to DVB

သင်္ကြန်ပိတ်ရက်နီးလာပြီဖြစ်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်လမ်းတွေမှာ ထိုင်းနိုင်ငံရောက်မြ န်မာ အလုပ်သမားတွေ  ထောင်နဲ့ချီပြီး မိမိနေရပ်ကို အသီးသီး စတင်ပြန်နေကြပါတယ်။

ထိုင်းအစိုးရက မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ သင်္ကြန်ကာလ နေရပ်ပြန်ခွင့်ကို လာမယ့် ဧပြီ ၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားပြီး  အဆို ပါရက်အတွင်း နေရပ်ပြန်က တရားဝင်နယ်စပ်ဂိတ်တွေမှာ အ၀င်အထွက်ဗီဇာတုံး ထုစရာမလိုတဲ့အပြင် နယ်စပ်ဖြတ်သန်းခလည်း ကင်းလွတ်ခွင့်ပြုထားပါတယ် ။

ဒါပေမယ့် အဆိုပါသင်္ကြန်ရက်မတိုင်ခင် ဒီလဆန်းပိုင်းကစပြီး မြန်မာ အလုပ်သမားတွေ ထောင်နဲ့ချီ နေရပ်ပြန်နေကြပြီလို့ မဲဆောက်အခြေစိုက် မြန်​မာပြည်​သားများအ​ရေး ပူးတွဲ လှုပ်​ရှားမှု​ကော်​မတီ ( JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဒီလဆန်းပိုင်းကစ ဒီကနေ့ထိ မဲဆောက်- မြ၀တီလမ်းဘက်ကနေ နေရပ်ပြန်သွားတဲ့ အလုပ်သမားတွေ သုံးထောင်ကနေ  ငါးထောင်ထိ ရှိမယ်လို့ ကျနော်တို့ခန့်မှန်းတယ်။ သင်္ကြန်မတိုင်သေးဘဲ ခုလိုတပြုံကြီးပြန်သွားကြတာတော့ ကျနော်ထင်တယ် ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကနေ ၃ ရက်နေ့ထိ ဘန်ကောက်မှာ ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသားတွေ၊ အထောက်အထား မဲ့သူတွေကို စီမံချက်နဲ့ဖမ်းတာ ၄၀၀ ကျော်အဖမ်းခံရတယ်၊ အဲလိုအစစ်အဆေးတွေကြောက်ပြီး အလုပ်ရှင်က ပြန်လွှတ်တာလည်းရှိသလို  မတ်လ ၂၄ ရက် ထိုင်းနိုင်ငံရွေးကောက်ပွဲ ဂယက်ေ ကြာင့်လည်း ဖြစ်နိုင်ပါတယ်၊ ”

နေရပ်ပြန်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအပေါ်ကနေ ပြည်တွင်းကို ပြန်ဝင်လာကြတာရှိသလို   သောင်ရင်းမြစ်ကိုဖြတ်ပြီး လှေလမ်း ကနေ ပြန်တာတွေလည်းရှိပါတယ်။

အလုပ်သမားတွေ မြန်မာပြည်ထဲပြန်ဝင်တဲ့အခါ အစိုးရက ခွင့်ပြုထားတဲ့ သင်္ကြန်ပိတ်ရက် မဟုတ်ဘူးဆိုရင် ထိုင်းလ၀ကရုံးမှာ  အ၀င်အထွက် တံဆိပ်တုံးထုကြဖို့၊ ငွေကြေးလဲလှယ်တာ၊ ကားလက်မှတ်ဖြတ်တာတွေကိုလည်း မြ၀တီရောက်မှလုပ်ဖို့၊ အလိမ်မခံရအောင် ယုံကြည်စိတ်ချရတဲ့ ငွေလဲဆိုင်တွေမှာသာ လဲလှယ်ပြီး၊ ယုံကြည်စိတ်ချရတဲ့ ကားတွေနဲ့သာ ပြန်ကြဖို့လည်း အလုပ်သမားအဖွဲ့က အကြံပြုတိုက်တွန်းပါတယ်။

ချင်းရိုင်ခရိုင် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားမှာလည်း အိမ်ပြန်တဲ့အလုပ်သ မားတွေ ခါတိုင်းထက်ပိုများနေပြိး  မနက်အစောပိုင်းမှာ လူတွေကြိတ်ကြိတ်တိုးတန်းစီနေကြ တယ်လို့ အငှါးဆိုင်ကယ်သမားတယောက်က ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အဆိုပြုထားတဲ့  ရွှေ့ပြောင်းလုပ်သားတွေ သင်္ကြန်ေ နရပ်ပြန်မယ့်ကာလနဲ့ အ၀င်အထွက်ဗီဇာကြေး ကင်းလွတ်ရေးအဆိုကို ထိုင်းအစိုးရက မနေ့ကအစည်းအဝေးမှာ ထပ်မံအတည်ပြုခဲ့ပါတယ်။

သတ်မှတ်ကာလထက်နောက်ကျ ပြန်ဝင်လာတဲ့အလုပ်သမားတွေကတော့ ဗီဇာကြေး ဘတ် ၂၀၀၀ ပေးသွင်းရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဗိုလ်မှူးကြီး အဒွန်းလ် ဆဲန်ဆင်ကယောက်က ပြောပါတယ်။

ထိုင်းဒုဝန်ကြီးချုပ် ပရ၀စ် ၀ုန်းဆုဝမ်းကလည်း ဒီကိစ္စကို ဌာနဆိုင်ရာအားလုံး အထူးသဖြင့် နယ်စပ်ဌာနတွေကို အကြောင်းကြားဖို့၊ အလုပ်သမားတွေ သင်္ကြန်နေရပ်ပြန်တဲ့အခါ သက်ဆိုင်ရာ တွေအနေနဲ့ အဆင်ပြေအောင်ဝန်ဆောင်မှုပေးဖို့၊ အာဏာနဲ့ရာထူးကို သုံးပြီး အမြတ်ထုတ်တာ၊ ငွေကောက်ခံတာတွေ မလုပ်ဖို့ အစည်းအဝေးမှာ ပြောပါတယ်။

အခုနှစ်သင်္ကြန်တွင်း နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သိန်းနဲ့ ၃ သိန်းကြား မှာရှိမယ်လို့လည်း ထိုင်းဒုဝန်ကြီးချုပ်က ခန့်မှန်းပါတယ်။

ဓာတ်ပုံ-MMNT

ကိုးကား - https://www.matichon.co.th/local/quality-life/news_1390344

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013