DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေတွင် ရှေးဟောင်း​ ရွှေအစစ် ဗုဒ္ဓရုပ်ပွားတော်များ တွေ့ရှိ
DVB
·
March 5, 2019
ညောင်ရွှေတွင် ရှေးဟောင်း​ ရွှေအစစ် ဗုဒ္ဓရုပ်ပွားတော်များ တွေ့ရှိ
1 / 10
Donate to DVB

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့က သမိုင်းဝင်ရွှေတောင်ဦး စေတီတော်ကိုအသစ်ပြန်လည် တည်ထားကိုးကွယ်ဖို့ ​စေတီ​ဟောင်းတူး​ဖော်​ရာမာ ရှေးဟောင်း​ရွှေအစစ်​နဲ့ ​ဗုဒ္ဓရုပ်ပွားတော်​​တွေ တူးဖော်ရရှိခဲ့ပါတယ်​။

ရွှေတောင်ဦးစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်ဖို့ ဘုရားကုန်းတော် ရှင်းလင်းရေးလုပ်ငန်းကို ဖေဖော်ဝါရီ၂၁ ရက်ကတည်းက  စတင်လုပ်ဆောင်ခဲ့ပါ။

တူးဖော်ရာမှာ ရှေး​ဟောင်း ရှမ်းယွန်းအ​မွေအနှစ်​အပါအဝင်​ ဗုဒ္ဓရုပ်ပွားတော် အဆူပေါင်း ၄၀၀ ကျော်နဲ့ အခြားရှေးဟောင်းပစ္စည်းတွေကို တူးဖော်ရရှိတယ်လို့  တူးဖော်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

တူးဖော်ရရှိတဲ့ ရုပ်ပွားတော်တွေဟာ (၁၆)ရာစုနှစ်ကတည်းက ရုပ်ပွားတော်တွေဖြစ်ပြီး အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ် မတိုင်ခင်ကတည်းကရှိနေတဲ့ ရုပ်ပွားတော်တွေဖြစ်တယ်လို့ လည်း ဆိုပါတယ်။

တူးဖော်ရရှိတဲ့ ရှေးဟောင်း ရုပ်ပွားတော်တွေကို တောင်ကြီးနဲ့ ညောင်ရွှေ ဒေသခံ အများအပြား လာရောက်ဖူးမြော်ကြပြီး ပြည်ပက လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ ကလည်း စိတ်ဝင်တစား လေ့လာတာတွေ ရှိပါတယ်။

ညောင်ရွှေမြို့ရဲ့ သမိုင်းဝင်ရွှေတောင်ဦးစေတီတော်ကြီးကို မြန်မာသက္ကရာဇ်  ၇၂၁ ခုနှစ်၊ စော်ဘွားကြီး စဝ်ဆီဆိုင်ဖလက်ထက်က တည်ထားခဲ့တာဖြစ်ပါတယ်။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013