DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ကလေး-ရန်ကုန် ခရီးသည်တင်ကားမှောက်၊ သံဃာ ၄ ပါး အပါအဝင် ၁၁ ဦး သေဆုံး
DVB
·
March 5, 2019
အမြန်လမ်းတွင် ကလေး-ရန်ကုန် ခရီးသည်တင်ကားမှောက်၊ သံဃာ ၄ ပါး အပါအဝင် ၁၁ ဦး သေဆုံး
Donate to DVB

နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးမှာ ဒီမနက် ၆ နာရီလောက်က ကလေးမြို့ကနေ ရန်ကုန်ကို ပြေးဆွဲတဲ့ ခရီးသည်တင်ကား တိမ်းမှောက်ပြီး သံဃာ ၄ ပါးအပါအဝင် ခရီးသည် ၁၁ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွားပါတယ်။

နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင်အမှတ် ၇၇/၃-၇၇/၄ အကြားမှာ ကလေးမြို့နေ ယာဉ်မောင်း ဦးဝင်းထွန်း မောင်းနှင်လာတဲ့ 6G/4---High Class (ကလေး-ရန်ကုန်) ခရီးသည်တင်ကားဟာ ဘီးပေါက်ပြီး လမ်းလယ်ကျွန်း Guard rails တန်းကို ဝင်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ  တိမ်းမှောက်သွားခဲ့တာလို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်မှာ လိုက်ပါသူ  ၄၂ ဦး အနက် သံဃာတော် ၄ ပါး၊ ကျား ၃ ဦး၊ မ ၄ ဦးသေဆုံးပြီး သံဃာ ၁ ပါး၊ ကျား ၁၅ ဦး၊ မ ၉ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒဏ်ရာရရှိသူတွေကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အုတ်ရှစ်ကုန်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အထောက်အကူပြု အဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013