DVB Logo
Home
မြန်မာသတင်း
နို့ဘိုးဒုက္ခသည်စခန်း နေအိမ် ၅၀ ကျော် မီးလောင်
DVB
·
March 4, 2019
နို့ဘိုးဒုက္ခသည်စခန်း နေအိမ် ၅၀ ကျော် မီးလောင်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖျံမြို့နယ် နို့ဘိုးဒုက္ခသည်စခန်းမှာ ဒီနေ့ မွန်းလွဲပိုင်း က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အုန်းဖျံမြို့နယ် မဲ့ကျန်းကျေးရွာအုပ်စု နို့ဖိုးဒုက္ခသည်စခန်းမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီ ခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

ထိုင်းစစ်တပ်၊ နရေးဆွန်တပ်ဖွဲ့ဝင်တွေနဲ့အတူ မဲ့ကျန်းမြူနီစီပါယ်ရုံးက မီးသတ်ကားနဲ့ ချက်ချင်းသွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ မဲ့ကျန်းအုပ်စု ပြည်သူ့ဘေးအန္တရာယ်ကာကွယ်ရေးဌာန တာဝန်ရှိသူက workpoint သတင်းထောက်ကို ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားချိန်မှာ ဒုက္ခသည်စခန်းဇုန် ၁၆ အေ အပိုင်းကနေ ဇုန် ၁၆ ဘီအပိုင်းကို ကူးစက်လောင်ကျွန်းနေပြီဖြစ်ကြောင်း၊ ၂ နာရီလောက်ကြာ မီးငြှိမ်းသတ်ခဲ့ပြီး ဒုက္ခသည်နေအိမ် အနည်းဆုံး ၅၀ ကျော် မီးလောင်ဆုံးရှုံခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက စိစစ်ဆဲပဲလို့ workpoint  သတင်း မှာဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီ နို့ဖိုးဒုက္ခသည်စခန်း ကော်မတီရုံးကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းကိုင်မယ့်သူမရှိပါဘူး။

ဒုက္ခသည်စခန်း ဆေးရုံကတော့ မီးလောင်မှုဖြစ်ပွားကြောင်း အတည်ပြုပြီး အသေးစိတ်ကိုတော့ ဖြေကြားပေးခွင့်မရှိဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013