
“နှလုံးသားထဲမှာ မီးတောက်များပေါက်ကွဲတာ အို မင်းမသိဘူး… ကြာရှည်သိုဝှက် သိမ်းလာတဲ့ ဒီအချစ်စိတ် ငါမထိန်းနိုင်ဘူး… ငါ့နှုတ်ခမ်းများက ထွက်လာတဲ့… ရင်ထဲက အချစ်များ”
ဒါကတော့ နာမည်ကြီး တေးသံရှင်တဦးဖြစ်တဲ့ R.ဇာနည်ရဲ့ ချစ်ဒေါသမီးဆိုတဲ့ သီ ချင်းထဲက စာသားတွေဖြစ်ပြီး ဒီတခါမှာတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ ထပ်မံလွင့်ပျံ့လာခဲ့တာပါ။
ဒီသီချင်းကို R. ဇာနည်လို အသံပါဝါအားကောင်းကောင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူက တော့ မြောက်ဥက္ကလာပမြို့နယ်မှ ပြိုင်ပွဲဝင် အောင်နိုင်မင်းဖြစ်ပြီး ပရိသတ်တွေကို ရော နောက်ကျောခိုင်းနေတဲ့ Coach တွေကိုပါ ဖမ်းစားနိုင်ခဲ့ပါတယ်။
“ပင်လယ်ကိုမှောက်ခါ သွန်ပစ်မယ်… တောင်တွေအပိုင်းပိုင်း ပြတ်စေသား… မြေ ပြင်ကို ပြောင်းပြန် လှန်ပစ်မယ်… တိမ်တွေမီးတက်ရှို့မယ် ငါ့ရဲ့ဒေါသများ… အချစ်မီး လျှံ ဘာနဲ့ ငြှိမ်းလို့ငြိမ်းနိုင်မလဲ… ကြင်နာသူလေးရေ ရင်ထဲက… ရေလိုအေးတဲ့ မေတ္တာပေး”
အသက် ၂၉ နှစ်အရွယ် အောင်နိုင်မင်းရဲ့ ရော့ခ်ဆန်ဆန် မြူးကြွတဲ့ တင်ဆက် သီဆိုဟန်ဟာ R.ဇာနည်ရဲ့ အသံကာလာအတိုင်းဖြစ်နေခဲ့ပြီး ထူးခြားနေခဲ့တာပါ။
သီချင်းကို စဆိုပြီး အချိန် ၂ မိနစ်လောက်ပြည့်ကာနီးမှာတော့ Coach ထဲက တ ယောက်ဖြစ်တဲ့ အဆိုတော် R.ဇာနည်က လှည့်ခဲ့ပြီး အဲဒီနောက်မှာတော့ ရန်ရန်ချန်းကပါ လှည့်ခဲ့တာ ဖြစ်ပါတယ်။
သီချင်းအဆုံးမှာတော့ Blind Audition ရဲ့ ထုံးစံအတိုင်း လှည့်ကြည့်တဲ့ Coach တွေထဲက တဦးကို ရွေးချယ်ရတာဖြစ်ပြီး သူကတာ့ R.ဇာနည်ကို ရွေးချယ်ခဲ့ပါတယ်။
မနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားအားပေးမှု များခဲ့ပြီး နိုင်ငံတကာမှာလည်း ပရိသတ်သန်းချီ ရှိနေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ကျင်းပနေတာပါ။
ဒီပြိုင်ပွဲမှာတော့ Blind Auditions, Battle Rounds, Knock Out Rounds နဲ့ နောက်ဆုံးအဆင့် Live Shows ဆိုပြီး အပိုင်းလေးပိုင်းခွဲကာ အကြိတ်အနယ်ယှဉ်ပြိုင်ကြ ရတာ ဖြစ်ပါတယ်။
မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Season 1 မှာတော့ Coach လင်းလင်းရဲ့ အဖွဲ့မှ ပြိုင် ပွဲဝင် ငွေစိုးက Winner ဆုကို ရရှိခဲ့ပါတယ်။
ခုလက်ရှိကျင်းပနေတဲ့ Blind Audition ပြိုင်ပွဲကို ကျင်းပခဲ့တာ သီတင်းပတ် ၂ ပတ် ရှိလာခဲ့ပြီဖြစ်ကာ အဆိုစွမ်းရည်ပြသနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများအပြား ပါဝင်ခဲ့ တာကိုတွေ့ရပါတယ်။
ပထမသီတင်းပတ်မှာ မက်တယ်လ် အကြမ်းစားသီချင်းတပုဒ်သီဆိုရင်း ပရိသတ် အားပေး မှုရရှိထားတဲ့ နိုဗန်ထူး၊ အင်္ဂလိပ်သီချင်းတပုဒ်ကို အကောင်းဆုံး သီဆိုပြသွားနိုင်တဲ့ တယော ဆရာမလေးခိုင်၊ ထူးခြားတဲ့ အမြွှာပြိုင်ပွဲဝင် ၂ ဦးဖြစ်တဲ့ Twins Star၊ တခြားပြိုင်ပွဲ ၀င်တွေဖြစ်ကြတဲ့ A ဒေး၊ ခွန်းဝတီပြည့်၊ ဒုတိယပတ်မှာ အစွမ်းပြ သီဆိုနိုင်သူ ပန်ပန်ကြေးမုံ၊ တာတာ၊ ညိုမီမီထွန်း၊ ဇေရဲပိုင်တို့ဟာလည်း ထူးခြားတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တာမို့ စောင့်ကြည့် ကြရမှာ ဖြစ်ပါတယ်။










