DVB Logo
Home
မြန်မာသတင်း
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် တဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်လွှဲပေး
DVB
·
March 4, 2019
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် တဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်လွှဲပေး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိမ်းသိမ်းခံထားရတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် တဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာဘက်ကို တရားဝင် ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ တယ်လို့   ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားတဲ့ မြန်မာ တပ်ရင်း ၂၈၇ မှ တပ်သားအောင်ဘိုဘိုသိန်းကို မတ်လ ၃ ရက် မနက် ၁၁ နာရီက တောင်ပြိုလက်ဝဲမြို့မှာ  တပ်ရင်းမှူးအဆင့် တွေ့ဆုံပွဲလုပ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးတားကနေ လွှဲပြောင်း ပေးအပ်လိုက်တာလို့ သတင်းမှာ ရေးပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ တပ်သား အောင်ဘိုသိန်းဟာ ရန်ကုန်မြို့မှာ နေထိုင်သူဖြစ်ပြီး မောင်တောမြို့နယ် ဗန္ဓုလစခန်းမှာ တာဝန်ကျနေရာကနေ  ဇန်နဝါရီ ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်ဘက် ၀င်ရောက် လာခဲ့တာလို့ ဆိုပါတယ်​။

တပ်သား အောင်ဘိုဘိုသိန်းကို  အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်ဖို့  မြန်မာနိုင်ငံ ခြားရေးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဖေဖော်ဝါရီ ၂၁ ရက်က  နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံ တောင်းဆို ထားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း မြန်မာတပ်သားကို ဥပဒေကြောင်းအရ အရေးယူမှုတွေမလုပ်ဘဲ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းလုပ်ငန်းစဉ်တွေနဲ့အညီ လိုအပ်တာတွေ ဆောင်ရွက်ပြီးရင် မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းသွားမယ်လို့ ကတိပေးပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013