DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် မြို့ပြဘေးကင်းလုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ
DVB
·
March 4, 2019
ဘားအံမြို့တွင် မြို့ပြဘေးကင်းလုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ
Donate to DVB

မြို့ပြဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လူထုကြား ယုံကြည်မှု တည်ဆောက်နိုင်ဖို့ရည်ရွယ်ပြီး မြို့ပြဘေးကင်းလုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဘားအံမြို့၊ ပါရာဒိုက်ဟိုတယ်မှာ  မနေ့က ကျင်းပပါတယ်။

မြို့ပြဘေးကင်းလုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေကို တာဝန်ရှိတဲ့ သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့၊ လူထုတွေနဲ့ တာဝန်ရှိသူတွေကြားမှာ ပိုပြီးအားကောင်းလာဖို့၊ လူတွေအတွက် ဘေးကင်းလုံခြုံရေး အရေးကြီးကြောင်းသိရှိစေဖို့နဲ့ အထူးသဖြင့် ဘေးကင်းလုံခြုံစွာယာဉ်တွေမောင်းနှင် ယာဉ် အန္တရာယ်ကင်းရှင်းစေဖို့  ရည်ရွယ်ကျင်းပတာပါ။

အာရှဖောင်ဒေးရှင်းရဲ့ တရားဥပဒေစိုးမိုးရေး အကြီးတန်းအကြံပေး စတီဖန် အန်တိုနီအော်တာက“လူထုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ဆိုရင် လူထုနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ သူတို့ပြောတာတွေနားထောင်ဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။

အခမ်းအနားကို  အာရှဖောင်ဒေးရှင်းက ကူညီပံပိုးပြီး ကရင်ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ဌာနဆိုင်ရာတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ပြီး သိရှိလိုတာတွေကို အပြန် အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးတေဇထွဋ်လှိုင်ထွေး က “ပြည်သူလူထုနှင့် ချိတ်ဆက်ခြင်းနဲ့ လုံခြုံဘေးကင်းရေးပြဿနာအကြောင်းအရင်းများကို အခြေခံပြီး ခွဲခြားစိတ်ဖြာနိုင်ရန် အချက်အလက်များကို အသုံးပြုခြင်းနဲ့ ဝေမျှခြင်းများအတွက် အတူတကွ ပူးပေါင်းဆောင် ရွက်မှုတွေလိုအပ်မှာဖြစ်တယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ၊ ရဲမှူးမြင့်နိုင် ကတော့  ရာဇ၀တ်မှုပဲဖြစ်ဖြစ်၊ မတော်တဆမှုပဲဖြစ်ဖြစ် ကျဆင်းဖို့အတွက်ဆိုရင် ကျနော်တို့ရဲေ တွကြီးပဲ သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကြီးပဲမဟုတ်တော့ပဲ ပြည်သူတဦးချင်းဆီက ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ပြောတယ်။

ကရင်ပြည်နယ်အတွင်း၂၀၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၄၈၆ မှု၊ ၂၀၁၈ ခုနှစ်မှာ ၃၇၄ မှုဖြစ်ပွားခဲ့ရာ ၂၀၁၇ ခုနှစ်ကထက် ၁၁၂ မှု လျော့နည်းခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ မော်တော်ဆိုင်ကယ်မတော်တဆဖြစ်မှုက အများဆုံးဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013