DVB Logo
Home
မြန်မာသတင်း
ပြည်​သူ့အာဏာ အပြည့်အဝရရှိရေး ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဆင်ရန် တံတားဦးမြို့၌ဆန္ဒပြ
DVB
·
March 4, 2019
ပြည်​သူ့အာဏာ အပြည့်အဝရရှိရေး ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဆင်ရန် တံတားဦးမြို့၌ဆန္ဒပြ
1 / 5
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ရေး​ လူထုထောက်​ခံပွဲကို မန္တ​လေးတိုင်း​ဒေသကြီး​၊ ကျောက်​ဆည်​ခရိုင်​ တံတားဦးမြို့မှာ ဒီကနေ့မနက်က ကျင်းပပြီး ဖွဲ့စည်းပုံ ပြင်ဖို့အတွက်  ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်​။

ဆန္ဒပြသူတွေဟာ  “ပြည်​သူ့အကျိုးမရှိတဲ့ ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ဒို့အ​ရေး၊ စစ်​အစိုးရ တဖက်​သတ်​​ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်​ဆင်​​ရေး ဒို့အ​ရေး၊ ပြည်​သူ့အာဏာ အပြည့်အဝ ရရှိဖို့ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်​ကြစို့ ၊ မြန်​မာပြည်​အနာဂတ်​​ကောင်းစားဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်​ကြစို့” စတဲ့​ကြွေး​ကြွေး​ကြော်​သံတွေ ​ကြွေး​ကြော်​ကာ တံတားဦး အင်းဝလမ်းဆုံ၊ တံတားဦး​ဈေး ကေ​န တံတားဦးမြို့တွင်း လူစည်​ကားရာ​​နေရာတွေကို  စီတန်းလှည့်လည် ကြွေး​ကြော်​ခဲ့ကြပါတယ်​။

ဆန္ဒပြရာမှာ ပါဝင်တဲ့ ကဗျာဆရာကြီးကိုလေး(အင်းဝဂုဏ်​ရည်​)​က “​ကမ္ဘာမှာမရှိတဲ့ ဖွဲ့စည်းပုံ ​ကြောက်​စရာ​ကောင်းလိုက်​တဲ့လူ​တွေပါဗျာ။ ဒါမှ မပြင်​ရင် ​ဘယ်​ဟာပြင်​မှာတုန်း ပြင်​စရာမလိုဘူး။ ထပ်​ကို​ အသစ်ရေးသင့်တာ။ မပြင်ဘူးထပ်ကိုရေးမှာ တခွန်းထဲဘဲပြောမယ် ပြန်ရေးမယ်”လို့ ပြောပါတယ်​။

၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်​ဆင်​ရေးထောက်ခံပွဲမှာ တံတားဦး၊ ပင်းယ၊ အင်းဝ၊ ​မြေ​တော်၊ စကားအင်း စတဲ့​ကျေးရွား​တွေက​​​နေ ဒေသခံပြည်သူ  အင်​အား ၃၀၀ လာက် လာရောက်စုရုံး ပါဝင်ခဲ့ကြတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013