DVB Logo
Home
Lead Story
တိုက်ပွဲသေနတ်သံကြား လမ်းခုလတ်မှာ ကျင်းပခဲ့ရသည့် ရှမ်းရိုးရာ စစ်ရှောင်မင်္ဂလာပွဲ (ဓာတ်ပုံ)
DVB
·
March 4, 2019
တိုက်ပွဲသေနတ်သံကြား လမ်းခုလတ်မှာ ကျင်းပခဲ့ရသည့် ရှမ်းရိုးရာ စစ်ရှောင်မင်္ဂလာပွဲ (ဓာတ်ပုံ)
1 / 4
Donate to DVB

လူတိုင်းအတွက် မင်္ဂလာပွဲကျင်းပတဲ့နေ့ဟာ ဘ၀မှာ တသက်မှတခါ အထွတ်အမြတ်ထားရတဲ့ အမှတ်တရ နေ့တနေ့ဖြစ်တာမို့ စနစ်တကျ စီစဉ်ကျင်းပလေ့ရှိကြပါတယ်။

    ဒါပေမယ့် တခါတရံမှာတော့ ထင်မှတ်မထားတဲ့ အချိုးအကွေ့၊ အပြောင်းအလဲနဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။

    ဒီဓာတ်ပုံတွေထဲက မင်္ဂလာပွဲကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုတခုကြောင့် ပုံစံတမျိုးနဲ့ ကျင်းပခဲ့ရတဲ့ စစ်ရှောင်မင်္ဂလာပွဲတခု ဖြစ်လာခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ရှမ်းပြည်နယ်၊ သီပေါဒေသမှာ ဖြစ်ခဲ့တာဖြစ်ပြီး မင်္ဂလာအခမ်း အနားကျင်းပဖို့ သတို့သမီးကို ပြန်အပ်နှံဖို့ အိမ်အသွားလမ်းမှာ စစ်ပွဲဖြစ်နေခဲ့တာမို့ လမ်းမှာ ကြုံသလို ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

တမင်သက်သက် ရည်ရွယ်ကျင်းပတာမဟုတ်တဲ့ ဒီမင်္ဂလာပွဲဓာတ်ပုံတွေကိုတော့ Taikham Win အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက မျှဝေထားခဲ့တာဖြစ်ပြီး အင် တာနက်အသုံးပြုသူတွေကြားမှာ ကရုဏာသက်စရာ ဖြစ်နေခဲ့တာပါ။

သတို့သမီး၊ သတို့သားတွေရဲ့ အမည်နဲ့ အခမ်းအနားအပြည့်အစုံကိုတော့ ဖော်ပြ ထားတာမျိုးတော့ မရှိခဲ့ပါဘူး။

တာလပတ်မိုးကာခင်းပြီး လမ်းဘေးမှာ ကျင်းပနေတဲ့ ဒီမင်္ဂလာပွဲမှာတော့ သတို့သားနဲ့ သတို့သမီးဟာ ရှမ်းရိုးရာဝတ်စုံတွေကို လှလှပပ ၀တ်ဆင်ထားခဲ့ကြတာကို တွေ့ရပါတယ်။

ဆွေမျိုးမိဘတွေကို ကန်တော့ကြတဲ့ ပုံရိပ်တွေ၊ လူကြီးတဦးက သတို့သမီးကို လက်ဖွဲ့ကြိုးချည်ပေးနေတဲ့ ပုံရိပ်တွေ စတဲ့ ဓာတ်ပုံတွေထဲမှာတော့ ကန်တော့ခံလူကြီး တချို့ရဲ့ ၀မ်းနည်းမျက်ရည်နဲ့ ပုံရိပ်တွေလည်း ပါဝင်နေခဲ့ပါတယ်။

ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ “ကြီးကျယ်ခမ်းနားသောဧည့်ခံပွဲခန်းမရှိရန် မလိုတော့ပါ ကြုံတဲ့နေရာတွင် မိုးကာ လေးခင်းပြီး ကန်တော့လိုက်ရပါသည်… အဘယ်ကြောင့်ဆိုသော် သတို့သမီးအိမ်သို့ မင်္ဂလာဆောင်ရန်အသွား လမ်းတ၀က်အရောက်တွင် စစ်ဖြစ်နေ၍ ကြုံသည့်နေရာတွင်ပင် အနီးအနားဆွေမျိုးများနှင့် ဆောင်လိုက်ရခြင်း…သီပေါတွင် 2-3-2019” လို့ ရေးသားထားပါတယ်။

ဒီဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပြီး ကြိုက် နှစ်သက်သူ၊ မှတ်ချက်ရေးသူတွေနဲ့အတူ ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၉ သိန်းကျော်ထိ ရှိနေခဲ့ပါတယ်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ၊ နမ္မတူဒေသတွင်း ကျေးရွာတွေတလျှောက် ရှမ်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ဒါဟာ ဒေသခံတွေအဖို့တော့ ခက်ခဲပင်ပန်းရတဲ့ ကာလတွေ ဖြစ်နေမှာပါပဲ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013