DVB Logo
Home
မြန်မာသတင်း
ရပ်ဆိုင်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေး ပြန်စမည်
DVB
·
March 4, 2019
ရပ်ဆိုင်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေး ပြန်စမည်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို မတ် ၅ ရက်မှာ ပြန်လည်ကျင်းပမယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောပါတယ်။

၃လကြာ ရပ်ဆိုင်းထားခဲ့ရတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ် ၅ရက်နဲ့ ၆ရက် နှစ်ရက်ကြာ ကျင်းပမှဖြစ်ပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးညီလာခံ ရှေ့ဆက်နိုင်ဖို့ ဆွေးနွေးကြမယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဆိုတဲ့ အမည်နဲ့အညီ ဒီနေ့ တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုဆက်လက် အကောင်အထည်ဖော်ကြမလဲ၊ PPST အဖွဲ့ဝင် အဖွဲ့အစည်းတွေကြားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဦးဆောင်နိုင်ဖို့အတွက်ကို ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ၊အဲ့ဒါတွေကို ကျနော်တို့ အဓိကထား ဆွေးနွေးကြရမှာ”

ဒါ့အပြင်  PPST ရဲ့ ပုံမှန်အစည်းအဝေးတွေ ဆက်လက်ကျင်းပနိုင်ဖို့ အရေးလည်း ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် အန်စီအေမှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့စလုံးက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

အစည်းအဝေးပြန်စဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဖိတ်ကြားတာဖြစ်ပြီး ဒီအစည်းအဝေးကျင်းပဖို့ တိုင်းရင်းသား တပ်ဖွဲ့တို့က ဒီနှစ်အတွင်း နှစ်ကြိမ်ထက်မနည်း တောင်းဆိုခဲ့ကြပါတယ်။

အပစ်ရပ်  ၁၀ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်အယ်လ်အေ-ပီစီ)၊ ချင်းအမျိုးသားတပ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊၊ ရှမ်းပြည်နယ် တပ်မတော် တောင်ပိုင်း (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ)၊ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးအဖွဲ့တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013