မိုဟာမက်အကြောင်း ရုပ်ရှင်ကို ကန့်ကွက်တဲ့ ပါကစ္စတန် ဆန္ဒပြပွဲ
DVB
·
October 5, 2012

အစ္စလာမ်ဘာသာတရားကို ခပ်ပြင်းပြင်းထိုးနှက်ထားတဲ့ ဗီဒီယိုကို ကန့်ကွက်ဆန္ဒပြမှုတွေမှာ ပါကစ္စတန် အစိုးရကလည်း အားပေးအားမြှောက်လုပ်နေတယ်လို့ ဘာသာရေးအစွန်းမရောက်တဲ့ ပါကစ္စတန်သားတွေက ပြောပါတယ်။ ရထားဝန်ကြီးက အဲဒီဗွီဒီယို 'Innocence of Muslims’ ကို ဖန်တီးတဲ့ ဒါရိုက်တာကို သတ်နိုင်ရင် ဒေါ်လာ ၁ သိန်းဆုချမယ်လို့ ဆိုနေပါတယ်။
ဝန်ကြီးချုပ်ကတော့ ဒီလို ဆုငွေချီးမြှင့်မယ့် ရထားဝန်ကြီးရဲ့ အစီအစဉ်ကို ရှုတ်ချပေမယ့် သတင်းထောက် နိမ်းဆမ်း ဆိုဟိုတြာကတော့ အစိုးရကိုယ်တိုင်ကလည်း ဒီကိစ္စမှာ သေချာ မကိုင်တွယ်ဘူးလို့ ပြောပါတယ်။