DVB Logo
Home
မြန်မာသတင်း
သားသမီးရရန် ခက်ခဲခြင်းနှင့် အမျိုးသားတို့၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
March 3, 2019
သားသမီးရရန် ခက်ခဲခြင်းနှင့် အမျိုးသားတို့၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ ကျင်းပ (ဓာတ်ပုံ)
Donate to DVB

သားသမီးရရန် ခက်ခဲခြင်းနဲ့ အမျိုးသားတို့ရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲကို မတ်လ ၃ ရက်နေ့က UMFCCI မှာ ကျင်းပခဲ့ပါတယ်။

သားသမီးရဖို့ ခက်ခဲတဲ့ အိမ်ထောင်ရှင်တွေမှာတော့ အမျိုးသားက ၄၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီးက ၄၀ ရာခိုင်နှုန်း အားနည်းချက်ရှိနေပြီး ကျန်တဲ့ ၂၀ ရာခိုင်းနှုန်းကတော့ တခြား အကြောင်းအရာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရတော့ ကမ္ဘာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ထောင်ရှင်စုံတွဲ ၆ တွဲမှာ ၁ တတွဲက ကလေးရနိုင်ချေနည်းနေပြီး ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်းက ကလေး ရနိုင်ချေနည်းနေတယ်လို့ ပြောပါတယ်။

ဒါကြောင့် ကလေးလိုချင်တဲ့ အိမ်ထောင်ရှင် အမျိုးသားများအနေနဲ့ ဆေးလိပ်နဲ့အရက်ကို ရှောင်ကြဉ်ရမှာ ဖြစ်သလို အမျိုးသမီးတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲက အကြံပြုထားပါတယ်။

ဒါ့အပြင် အိမ်ထောင်ကျပြီး တားဆေးသုံးသွဲတာမျိုး မဟုတ်ဘဲ တနှစ်အကြာအထိ သားသမီး မရဘူးဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ပြသပြီး လိုအပ်တဲ့ အကြံဉာဏ်တွေရယူပြီး ကုသဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013