DVB Logo
Home
မြန်မာသတင်း
မန်း​ရွှေစက်​​တော်​ဘုရားကြီး လာမည့် ၂၀၂၀ ပွဲ​တော်​အမီ ဓာတ်​​လှေကား တပ်​ဆင်​မည်
DVB
·
March 3, 2019
မန်း​ရွှေစက်​​တော်​ဘုရားကြီး လာမည့် ၂၀၂၀ ပွဲ​တော်​အမီ ဓာတ်​​လှေကား တပ်​ဆင်​မည်
Donate to DVB

မင်းဘူးခရိုင်​ စကုမြို့နယ်​ ရှိမန်း​ရွှေစက်​​တော်​ဘုရားကြီး ကို လာမည်​ ၂၀၂၀ ပွဲ​တော်​ချိန်​ အမီ ဓာတ်​​လှေကား တပ်​ဆင်​သွားဖို့ စီစဉ်​​နေတယ်​လို့ မန်း​ရွှေစက်​​တော်​ ​ဂေါပက ဥက္ကဋ္ဌက ​ပြောပါတယ်​။

အခုကျင်းပ​နေတဲ့ ဘုရားပွဲကြီးပြီးမှ တိုင်းထွား​ရေး​တွေ ဘာ​တွေကအစ စတင်​​ဆောင်​ရွက်​ မှာပါ။ ကြားတာက ၉ လမှာ အပြီးလုပ်​မယ်လို့ ဂေါပက ဥက္ကဋ္ဌ ဦး​အောင်​သိန်းက ပြောပါတယ်။

“တိုင်းအစိုးကို​တော့ တင်​ပြထားပြီးပါပြီ။ အထက်​စက်​​တော်​ရာ တက်​တဲ့ (နှစ်​ကျိပ်​ရှစ်​ဆူ) နားမှာ ကွင်းထိုးထားတယ်​။ အဲဒီက​နေ (ကိုးခန်းကြီး) တန်​​ဆောင်း အ​ရောက်​​ပေါ့၊ Master plan အ​နေနဲ့တော့ စီစဉ်​ထားတယ်။ အဲဒါပြီးလို့ ​နောက်​တနှစ်ကြရင်​လည်း (ကိုးခန်းကြီး) တန်​​ဆောင်​ကနေ အထက်​ဆက်​​တော်​ရာအ​ရောက်​ စက်​​လှေကားတပ်​ဖို့ စီစဉ်​ထားတယ်​။ ဆာ​ဗေး အတိအကျ​တော့ မလုပ်​ရ​သေးဘူး။ အဲလိုတဆင့်စီသွားဖို့ စီစဉ်​ထားတယ်​၊ ဘုရားဖူးပြည်​သူ​တွေက​ စိတ်​ဝင်​စားတယ်။ အခုကိုအလှုငွေ​တွေက ဓာတ်​​လှေကားအတွက်​ဆိုပြီး တော်​​တော်​​လေး ​ရောက်​​နေတယ်​။ စာရင်းအတိအကျအ​နေနဲ့က​တော့ ပွဲ​တော်​ကာလပြီးမှ သိရမှာ၊ အဲဒီစီမံကိန်းမျိုးကလည်း သက်​ကြီးရွယ်​အို​တွေအတွက်​​ကော ​ခေတ်​နဲ့​လျှော်​ညီစွာဖြစ်​သင့်ပြီလို့ ခရိုင်​အုပ်​ချုပ်​​ရေးမှူးကို တိုင်​ပင်​ပြီး တိုင်းအစိုးရကို နှုတ်​နဲ့တင်​ပြ​တော့ တိုင်းအစိုးရကလည်း သ​ဘောတူတယ်။ အ​သေးစိတ်​တွက်​ချက်​ပြီးမှ ပြန်​တင်​ပါလို့ ​ပြောတယ်​။”

မန်း​ရွှေစက်​​တော်​ ဘုရားပွဲ​တော်​ကြီးကို နှစ်​စဉ်​ ​ဖေ​ဖော်​ဝါရီ လကုန်းပိုင်းကနေ ဧပြီ လလယ်​ပိုင်းအထိ ရက်​​ပေါင်း ၆၀ ​​ကျော် ကျင်းပနေပြီး နှစ်​စဉ်​ နိုင်​ငံအဝှမ်းက ဘုရားဖူးပြည်​သူတွေ လာရောက်နေကြပါတယ်။

ပွဲ​တော်​ကာလ မဟုတ်​​ပေမယ့် ၂၀၁၈ ခုနှစ်​က ဖွင့်​လှစ်​ခဲ့တဲ့ သံကူကွန်​ကရစ်​ ​လှေတင်​တံတားကြီး ရှိ​နေတဲ့အတွက် အချိန်​ခါမ​ရွေး လာ​ရောက်​ဖူး​မျှော်​လို့ ရတယ်​လို့ သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013