DVB Logo
Home
မြန်မာသတင်း
စားသုံးသူ ကာကွယ်​​ရေးဥပ​ဒေ ပြင်ဆင်ပေးရန် သမ္မတထံ စာပို့
DVB
·
March 3, 2019
စားသုံးသူ ကာကွယ်​​ရေးဥပ​ဒေ ပြင်ဆင်ပေးရန် သမ္မတထံ စာပို့
Donate to DVB

စားသုံးသူ ကာကွယ်​​ရေးဥပ​ဒေကြမ်းမှာပါဝင်​တဲ့ ပြဋ္ဌာန်းချက်​​တွေဟာ လုပ်​ငန်းရှင်​​တွေ ဘက်​ကို ကာကွယ်​​ပေးတဲ့ ဥပ​ဒေပုဒ်​မ​တွေသာဖြစ်ေ​နတဲ့အတွက်​ ဒီဥပ​ဒေကိုပြင်​ဆင်​​ပေးဖို့ မြန်​မာနိုင်​ငံ စားသုံးသူကာကွယ်​​ရေးအသင်းက နိုင်​ငံ​တော်​သမ္မတထံကို စာ​ပေးပို့ထားပါတယ်​။

စားသုံးသူကာကွယ်ရေးဥပ​ဒေဟာ နို်​င်​ငံအတွက်​ ဒုတိယအ​ရေးကြီးဆုံး ဥပ​ဒေဖြစ်​​နေပြီး စားသုံးသူဦး​ရေ ၅၄ သန်းကို ကာကွယ်​​ပေးနိုင်​တဲ့ ဥပ​ဒေမရှိ​သေးပါဘူး။

စားသုံးသူ ကာကွယ်​​ရေးဥပ​ဒေကြမ်းမှာပါဝင်​တဲ့ ပြစ်​မှုနဲ့ပြစ်​ဒဏ်​​တွေဟာ ပမာဏနည်းပါး တဲ့​ ငွေ​ကြေးများသာဖြစ်​တဲ့အတွက်​ ထိ​ရောက်​ဟန့်​တားနိုင်​တဲ့ ပြစ်​ဒဏ်​စီရင်​ချက်​မျိုး မဟုတ်​ဘူးလို့ မြန်​မာနိုင်​ငံ စားသုံးသူကာကွယ်​​ရေးအသင်းဥက္ကဋ္ဌ ဦး​ဗအုပ်​ခိုင်​က​ ပြောပါတယ်​။

အခုချိန်​မှာ စားသုံးသူ​တွေအ​ပေါ် အမှန်​တကယ်​ အကာအကွယ်​​ပေးထားနိုင်​တဲ့ဥပ​ဒေ မရှိ​သေးဘဲ ပြဋ္ဌာန်းလိုက်​တဲ့ ဥပ​ဒေကြမ်းမှာလည်း ပြင်​ဆင်​စရာအချက်​​တွေရှိ​နေပါတယ်​။

စားသုံးသူကာကွယ်​​ရေးဥပ​ဒေကြမ်းကို​ UMFCCI က လုပ်​ငန်းရှင်​​တွေနဲ့ စား​သောက်​ကုန်​ ထုတ်​လုပ်​​ရောင်းချသူများအသင်းက လုပ်​ငန်းရှင်​​တွေရဲ့ အကြံဉာဏ်​​တွေနဲ့​ရေးဆွဲထားတဲ့အတွက်​ လုပ်​ငန်းရှင်​​တွေကို အကာအကွယ်​​ပေးထားတဲ့ ပုဒ်​မ​တွေနဲ့ တားမြစ်​ချက်​​တွေ ပါဝင်​​နေတယ်​လို့ သိရပါတယ်​။

စုစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013