DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သန်း ၁၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ၊ တရားခံတဦးကို ပစ်ခတ်ဖမ်းဆီး
DVB
·
March 3, 2019
မောင်တောတွင် ကျပ်သန်း ၁၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ၊ တရားခံတဦးကို ပစ်ခတ်ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့မှာ Wy စာတမ်းပါ မူးယစ်ဆေးပြား ၈၇ သိန်းကျော် ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၇၅၅၀ သန်းတန်ဖိုးရှိမူးယစ်ဆေးတွေနဲ့ တရားခံလို့ ယူဆရသူတဦးကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့ ညနေ ၈ နာရီအချိန် မောင်တောမြို့ တောင်ပိုင်း ဝေသာလီကျေးရွာ ရွှေအိုးငွေအိုးကားဝပ်ရှော့အပြင်ဘက် မောင်တော အငူမော်ကားလမ်းဘေးက ကားဝပ်ရှော့ ဘေးခြံအတွင်း HINO ကား အပြာရောင်ဟာ မသင်္ကာဖွယ် ဝင်ရောက်ရပ်နားထားတာကို တွေ့ရှိကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု ၄၆ နဲ့ ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးပြားတွေကို ကား body အောက်ခင်းရဲ့ အံဝှက်အတွင်းမှာ သိုဝှက်ထားတဲ့ wy စာတမ်းပါပန်းရောင် စိတ်ကြွဆေးပြား ၉၇၀ ပြားပါ အထုတ်ပေါင်း ၉၀၀၊ စုစုပေါင်း ဆေးပြား ၈၇ သိန်းကျော် ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၇၅၅၀ သန်း တန်ဖိုးရှိ မူးယစ်ဆေးတွေ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့ ၄၆ မှ အတည်ပြုပြောကြားပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဖမ်းဆီးနိုင်ရေး ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ဆိုက်ကယ်စီးနှင်းလာတဲ့ အမည်မသိလူတယောက်က ရပ်တန့်ထားတဲ့ ယာဉ်ရဲ့အနီးမသင်္ကာဖွယ် ၂ ကြိမ်ဖြတ်သန်းကြည့်ရှုပြီးနောက် ကားအနီးမှာ ဖုန်းနဲ့ ဆက်သွယ်သတင်းပို့နေတာ တွေ့ရှိရပြီး သွားရောက်မေးမြန်စဉ် ဆိုင်ကယ်နဲ့ မောင်းနှင်းထွက်ပြေးလို့ ပူးပေါင်းအဖွဲ့ သတိပေးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်မောင်းထွက်ပြေးသွားသူကို လိုက်လံရှာဖွေရာ ကားလမ်းမပေါ်မှာ ယာဒူး လက်နက်ငယ်ကျည်ထိမှန်ထားတဲ့ မောင်မြင့်စိုး ဖမ်းဆီးမိခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ မောင်မြင့်စိုးကို မောင်တောပြည်သူဆေးရုံ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသပေးနေကြောင်း၊ သူ့ကို ပြင်ဖြူ နယ်မြေစခန်းမှာ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး ကွင်းဆက် တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013