DVB Logo
Home
မြန်မာသတင်း
မသန်သက်ငယ်စောင့်ရှောက်မှုစင်တာ နေရာနှင့်ဝန်ထမ်း အခက်အခဲကြုံနေ
DVB
·
March 3, 2019
မသန်သက်ငယ်စောင့်ရှောက်မှုစင်တာ နေရာနှင့်ဝန်ထမ်း အခက်အခဲကြုံနေ
Donate to DVB

New Hope Association မျှော်လင့်သစ် မသန်သက်ငယ်စောင့်ရှောက်မှုစင်တာအတွက် နေရာအခက်အခဲနဲ့ ဝန်ထမ်း အခက်အခဲတွေ ရှိနေတယ်လို့ စင်တာရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ သန်းထွန်းမြင့်က ပြောပါတယ်။

New Hope Association မျှော်လင့်သစ် မသန်သက်ငယ်စောင့်ရှောက်မှုစင်တာ (၂) နှစ်ပြည့် အခမ်းအနားကို မန္တလေးမြို့ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှာ မတ်လ ၃ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။

စင်တာရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာသန်းထွန်းမြင့်က “မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မသန်သက်ငယ် အများအပြား ရှိနေပေမယ့် ကလေးများရဲ့ မိဘများဟာ လူမသိ သူမသိထားတဲ့ အတွက် ဖော်ထုတ်ပြီး လူ့ဘောင်ထဲမှာ အရည်အသွေးတခုနဲ့ နေနိုင်အောင် ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မသန်သက်ငယ်စောင့်ရှောက်မှု စင်တာအတွက် မြေဧရိယာနဲ့ ၀န်ထမ်း အခက်အခဲတွေ ရှိနေတယ်လို့ ဒေါက်တာ သန်းထွန်းမြင့်က ပြောပါတယ်။

စင်တာအတွက် လိုအပ်နေတဲ့ မြေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အကူအညီပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

မသန်သက်ငယ်များနဲ့ ပတ်သက်လို့ စင်တာမှာ နာယကအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဇနီး  ဒေါ်ယုယုမေက တာဝန်ယူထားပါတယ်။

မျှော်လင့်သစ် မသန်သက်ငယ်စောင့်ရှောက်မှုစင်တာကို ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှာ ယာယီအဖြစ်ဖွင့်ထားပြီး စတင်ဖွင့်လှစ်တဲ့အချိန်က မသန်သက်ငယ် ၁၅ ဦးသာရှိခဲ့ပေမယ့် အခုအခါမှာ ၂၆ ဦးရှိနေပါပြီ။

နိုင်လင်းဦး  

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013