DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့နယ်က စစ်ဘေးရှောင်များ ရိက္ခာမလောက်င
DVB
·
March 3, 2019
ပလက်ဝမြို့နယ်က စစ်ဘေးရှောင်များ ရိက္ခာမလောက်င
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေအနေနဲ့ ရိက္ခာမလောက်ငကြဘူးလို့ ပရဟိတ အဖွဲ့တာဝန်ရှိသူနဲ့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ပလက်ဝမြို့နယ် ကျေးရွာတွေက ဒေသခံတွေက တခြားရွာတွေကိုပဲ တိမ်းရှောင်ကြရပြီး လုပ်ကိုင်စားသောက်ဖို့ လည်း ခက်ခဲတယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးဝေတန်းက “တချို့ရွာတွေကတော့ ကိုယ့်ရွာကိုယ်ပြန်သွားကြပြီ။ အခုက ၄၊ ၅ ရွာ လောက်ကျန်သေးတယ်။ အစိုးရက ထောက်ပံ့တာတော့ရှိတယ်။ ဒါပေမယ့် မလောက်ကြဘူးလို့ ပြောကြတယ်။ ဟိုနေ့ကတောင် ရိက္ခာရနိုင်လားလို့ စုံစမ်းနေကြတယ်” လို့ ပြောပါတယ်။

ဒီရွာတွေဟာ ပလက်ဝမြို့ကနေ စက်လှေနဲ့သွားကြရတာဖြစ်ပြီး လုံခြုံရေး အခြေအနေကြောင့် သွားလာရေးခက်တယ်လို့ သူက ပြောပါတယ်။

စစ်ဘေးရှောင်တွေ ပြောင်းရွှေ့ခိုလှုံနေကြတဲ့ ရွာတွေဟာလည်း တောင်ယာလုပ်စားကြတာ ဖြစ်လို့ နောက်ထပ်လူတွေ တောင်ယာလုပ်စားဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

မီးဇာရွာမှာရောက်နေတဲ့ ကုန်ပြင်ရွာသား ဦးယောဟန်က “အစိုးရက ဆန်ပေးတယ်။ သူတို့ပေးတဲ့ ဆန်က လူ ၅ ယောက်လောက်ရှိတဲ့ အိမ်ဆိုရင် ၂ ပတ်လောက်စားရတယ်။ လူများတဲ့အိမ်က တပတ်လောက်ပဲ စားရတယ်လေ။ ကျနော်တို့က ဒီမှာ တောင်ယာခုတ်ဖို့လည်း မဖြစ်တော့ ကျပန်းလုပ်ကြတယ်။ အုတ်တွေ သဲတွေ သယ်တယ်။ ဟင်းသီးဟင်းရွက်တွေကတော့ ဒီက ရွာသားတွေက တရာဖိုး၊ နှစ်ရာဖိုး လာရောင်းကြတယ်” လို့ ပြောပါတယ်။

မီးဇာရွာမှာ ပီတောင်ရွာနဲ့ ကုန်ပြင်ရွာသားတွေ ပြောင်းရွှေ့လာရောက်နေထိုင်ကြတာဖြစ်ပြီး လူ ၃၀၀ လောက်ရှိပါတယ်။ ပီတောင်ရွာသားတွေကတော့ လာနေကြတာ ၃ လလောက်ရှိပြီလို့ ဦးဝေတန်းက ပြောပါတယ်။

“အဓိက ကတော့ လာမယ့် မိုးတွင်းမှာ အခက်အခဲ ရှိနိုင်တယ်။ အစိုးရက ဆက် မထောက်ပံ့ပေးတော့ဘူးဆိုရင် သူတို့အတွက် အခက်အခဲ အများကြီးရှိသွားမယ်။ ကျနော်တို့လည်း အလှူရှင်ရှာနေပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013