DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ၇၆ မြို့နယ်အတွက် ၁ နှစ် ကန်ဒေါ်လာ ၇ သန်း အသုံးပြုမည်
DVB
·
March 3, 2019
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ၇၆ မြို့နယ်အတွက် ၁ နှစ် ကန်ဒေါ်လာ ၇ သန်း အသုံးပြုမည်
Donate to DVB

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းက ၅ နှစ်တာ မဟာဗျူဟာစီမံကိန်းချမှတ်ပြီး တနှစ် ကန်ဒေါ်လာ ၇ သန်း အသုံးပြုသွားမယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။  

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းက ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ မဟာဗျူဟာစီမံကိန်းတရပ်ကို ဇွန်လကနေ စတင်သွားမှာပါ။

စီမံကိန်းအတွက် တနှစ်ကို ဒေါ်လာ ၇သန်း အသုံးပြုသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း က မြို့နယ် ၇၆ မြို့နယ်ကို လွှမ်းခြုံနိုင်လိမ့်မယ်လို့  မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံကိန်း ဦးဆောင်သူ ဦးစန်းလင်းဦးက မတ်လ ၃ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ စီမံကိန်းမိတ်ဆက်ပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ မဟာဗျူဟာစီမံကိန်းအတွင်းမှာ အမျိုးသမီး၊ ကလေးသူငယ်၊ ပြောင်းရွှေ့ လုပ်သား၊ သက်ကြီးရွယ်အို၊ လူမျိုးစုနဲ့ ထိခိုက်ခံစားလွယ်သူ အုပ်စုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်သွားမှာပါ။

စီမံကိန်းအတွင်းမှာ ရောဂါနှိမ်နင်းတာ၊ အာဟာရ၊ ရေနဲ့သန့်ရှင်းရေး၊ ကျန်းမာရေးစနစ် မြှင့်တင်တာ၊ အရေးပေါ် အခြေအနေတွေမှာ စနစ်တကျတုံ့ပြန်မှုပြုလုပ်တာတွေကို ဆောင်ရွက်ပေးသွားမယ်လို့  မန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်က ပြောပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ခြောက်ခုဆီက ငွေကြေးနဲ့ နည်းပညာအကူအညီတွေ ရယူထားတာပါ။ မြန်မာနိုင်ငံက ကျန်းမာရေးလုပ်ငန်းတွေ အတွက် အစိုးရရဲ့ဘတ်ဂျက်ငွေ သုံးစွဲမှုဟာ တခြားဝန်ကြီးဌာနတွေထက် နည်းပါးနေပါတယ်။

ကျန်းမာရေးအတွက် ငွေကြေးသုံးစွဲမှုနည်းပါးနေချိန်မှာ ကျန်းမာရေးမှူးအသင်းရဲ့ ဆောင်ရွက်ချက်တွေဟာ တတပ်တအား အထောက်အကူပြတာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စီမံကိန်းမိတ်ဆက်ပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013