DVB Logo
Home
မြန်မာသတင်း
မောင်​​တောမြို့ နယ်​ ​မြောက်​ပိုင်း ခ​မောင်းဆိပ်​ အထက်​တန်း​ကျောင်း မီး​လောင်
DVB
·
March 3, 2019
မောင်​​တောမြို့ နယ်​ ​မြောက်​ပိုင်း ခ​မောင်းဆိပ်​ အထက်​တန်း​ကျောင်း မီး​လောင်
1 / 8
Donate to DVB

မောင်​​တောမြို့နယ်​​မြောက်​ပိုင်း ခ​မောင်းဆိပ်​ ဘောက်ကျာရပ်ကွက်မှာ ​ဖေ​ဖော်​၀ါရီလ ၂ ရက်​​နေ့ ည​နေ ၃ နာရီအချိန်​လောက်  အထက်​တန်း​ကျောင်း အ​ဆောင်​​ဟောင်းတ​ဆောင်​နဲ့ ​ကျောင်းအုပ်​ကြီး​နေအိမ် ​မီး​လောင်​မှုဖြစ်​ပွားခဲ့​တယ်လို့ ခ​မောင်းဆိပ်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​ကျော်​​မောင်​သိန်းက အတည်​ပြု​ပြောကြားပါတယ်​။

“ည​နေ ၃ နာရီ​​လောက်​က စ​လောင်​တာပါ။ မီးသတ်​ကားလည်း ဘယ်​​ရောက်​နိုင်​ပါ့မလဲ၊ ​ဝေးတာကို။ ​ရေစုတ်​စက်​နဲ့ ​ရေတင်​ပြီး မီးကိုရွာသူရွာသား​တွေ နဲ့ နယ်​​မြေက လုံခြုံ​ရေးဝန်​ထမ်း​တွေ အားလုံး ၀ိုင်းဝန်းပြီး ငြှိမ်းသတ်​ခဲ့ကြတာပါ။ ည​နေ ၆ နာရီ​လောက်​မှ မီးငြိမ်းသတ်​နိုင်​ခဲ့ပါတယ်​။ မီက​တော့ ​တောမီးက​နေ ဒီဘက်​ကို ကူးလာတာပါ။ စာသင်​​ကျောင်းက မဖွင့်​တာ ကြာပြီဆို​တော ချုံနွယ်​​တွေများ​တော့ မီးကူးလာတာာ အ​ဆောင်​အ​ဟောင်းတခုနဲ့ ဆရာကြီး​နေအိမ်​တ​လုံး​ လောင်​ကျွမ်းသွားပါတယ်​။ အ​ဆောင်​အသစ်​ကို မီးမကူးနိုင်​​အောင် ​တားဆီးနိုင်​ခဲ့ပါတယ်​" လို့​ ပြောပါတယ်​။

အလျှား ၁၅၀ ပေ အနံ ၃၀ ပေ သွပ်မိုး အုတ်ကာ အာဆီတထပ်အဆောင်နဲ့ ကျောင်းအုပ်ကြီးနေအိမ် ပေ ၂၀ ပတ်လည် သွပ်မိုး ဝါးထရံကာ အဆောင်တွေ မီးလောင်ကျွမ်းခဲ့တာပါ။

ခ​မောင်းဆိပ်​ အထက်​တန်း​ကျောင်းဟာ ၂၀၁၇ ခုနှစ်​ သြဂုတ်​လ အကြမ်းဖက်​ဖြစ်​စဉ်​ ဖြစ်​ပြီး​နောက်​ ခ​မောင်းဆိပ်​​ကျေးရွာမှ နေထိုင်ကြသူတွေ ​နေရပ်​စွန့်​ခွာ ထွက်​ပြေးသွားခဲ့ကြတဲ့အတွက် ဒီနေ့အချိန်​အထိ ဖွင့်​လှစ်​ သင်​ကြားခြင်းမရှိတဲ့ ကျောင်းတ​​ကျောင်းဖြစ်ပါတယ်။

ခ​မောင်းဆိပ်​​အားမြို့အဖြစ်​ ၂၀၁၆ ခုနှစ်​က ​သတ်​မှတ်​ထားခဲ့ပြီး ရပ်​ကွက်​ ၆ ခုနဲ့ ဖွဲ့စည်းထားပြီး ဘင်္ဂါလီလူဦး​ရေ ၆၀၀၀ လောက် နေထိုင်​ခဲ့ပါတယ်။

အကြမ်းဖက်​ဖြစ်​စဉ်​​ကြောင့် ဘင်္ဂါလီအားလုံး​နေရပ်​စွန့်​ခွာသွားပြီး တိုင်းရင်​သားမင်း ခ​မောက်​ တ​ရွာတည်းသာ ကျန်​ခဲ့ကာ အိမ်​​ထောင်​စု ၇၀ လောက်ရှိပြီး မြို၊ ဒိုင်းနက်​၊ ရခိုင်​ စတဲ့လူမျိုးတွေ နေထိုင်ပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013