DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဟု ဝန်ကြီးပြော
DVB
·
March 3, 2019
မြန်မာတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဟု ဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံမှာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဟာ ဖြစ်ပွားမှု အများဆုံး၊ ဆေးရုံတက်ရောက် ရတာအများဆုံးနဲ့ သေဆုံးရတဲ့ အကြောင်းအရင်း အများဆုံးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးက ပြောပါတယ်။

မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် မြန်မာနိုင်ငံ နှလုံး ဆေးပညာရှင်များ အဖွဲ့ညီလာခံဖွင့်ပွဲမှာ ပြောခဲ့တာပါ။

ဝန်ကြီးဒေါက်တာမြင့်ထွေးက ဆေးရုံတွေမှာ ဆေးရုံတက်ရတဲ့ အဓိကအကြောင်းရင်းနဲ့ သေဆုံးရတဲ့ အကြောင်းရင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဟာ ထိပ်ဆုံးမှာ ပါဝင်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါအများစုဟာ လူတွေရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဆက်နွှယ်နေပြီး အမှန်စင်စစ် နှလုံးရောဂါဖြစ်ပွားတာကို လျှော့ချရေးလုပ်ဖို့ ပြောသလောက် မလွယ်ကူပေမယ့် ဦးစားပေးပြီး အလေးအနက်ထားဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

အဓိကအရေးကြီးတဲ့ အကြောင်းတရပ်အဖြစ် ပြည်သူလူထုရဲ့ ကျန်းမာရေးအသိပညာ အဆင့်အတန်းဖြစ်တာကို သတိပြုမိပြီး အထူးသဖြင့် ခက်ခဲတဲ့ဒေသနဲ့ ဝေးလံခေါင်ပါး အရပ်ဒေသမှာ နေထိုင်ကြသူတွေဟာ ကျန်းမာရေးအသိပညာပိုနည်းပါးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ မညီညွတ်တဲ့ အစားအစာမျိုးကိုတောင် အမှန်တကယ် မသိရှိကြသူတွေ ရှိတယ်လို့ ပြောပါတယ်။

မြို့ပြမှာနေထိုင်ကြသူတွေကတော့ ကျေးလက်နေပြည်သူတွေထက် ကျန်းမာရေး အသိပညာ ပိုရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ မကျင့်သုံးနိုင်ကြဘူးလို့လည်း ပြောပါတယ်။

ဆေးပစ္စည်းကိရိယာတွေစုံလင်တဲ့ ဆေးရုံကြီးတွေမှာ ထူးချွန်ထက်မြက်ပြီး အရည်အချင်း ရှိတဲ့ နှလုံးရောဂါအထူးကု ဆရာဝန်ကြီးတွေနဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းလမ်းတွေ၊ ဆေးဝါးတွေ ကို သုံးပြီး နှလုံးရောဂါဝေဒနာသည်တွေကို ကုသပေးနိုင်ပေမယ့် နှလုံးသွေးကြောဆိုင်ရာရောဂါ အမျိုးမျိုး ခံစားနေရတဲ့ လူနာအရေအတွက်ကို မလျှော့ချနိုင်သေးသရွေ့ မပြီးဆုံးနိုင်တဲ့ အလုပ်တွေကို ဆက်လုပ်နေရမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ငွေကြေး၊ ကျွမ်းကျင်ပညာရှင် စတဲ့ အရင်းအမြစ်တွေရှားပါးနေတာဟာ စိန်ခေါ်မှုကြီး တခုဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ပညာရှင်တွေချည်း သီးသန့်နဲ့ နှလုံးရောဂါအမျိုးမျိုးကို ကာကွယ် တိုက်ထုတ်ဖို့ မဖြစ်နိုင်ဘဲ လူမှုသိပ္ပံပညာရှင်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေ၊ ပြည်သူ့ ကျန်းမာရေး ကြီးကြပ်တွေ၊ အာဟာရကျွမ်းကျင်ပညာရှင်တွေ၊ စိတ်ပညာပါရဂူတွေ၊ အားကစား နည်းပြတွေ၊ သုတေသနပညာရှင်တွေ၊ ဘာသာရေးဆိုင်ရာ ဦးဆောင်ပုဂ္ဂိုလ်တွေ စတဲ့ ပညာရှင် အသီးသီး ပါတဲ့ အဖွဲ့ရဲ့ စုပေါင်းခိုင်မာတဲ့ အားနဲ့ပဲ ဆောင်ရွက်နိုင်မယ်လို့ ပြောပါတယ်။

နှလုံးရောဂါကို စောစောစီးစီး ကာကွယ်ဖို့အတွက် သွေးပေါင်ချိန်စစ်ဆေးတာ၊ သွေးတွင်းအချိုဓါတ် တိုင်းတာတာ၊ သွေးတွင်းအဆီဓါတ်စစ်ဆေးတာနဲ့ နှလုံးခုန်မမှန်တာကို စစ်ဆေးတာ ဆိုတဲ့ အချက် ၄ ချက် လုပ်ရတာကို ပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့် သိအောင် လုပ်ရမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013