DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးစေတီ အလှူခံစာရင်းဇယား ပွင့်လင်းမြင်သာမှုမရှိဟု အုပ်ချုပ်ရေးအဖွဲ့ ပြော
DVB
·
March 3, 2019
ကျိုက်ထီးရိုးစေတီ အလှူခံစာရင်းဇယား ပွင့်လင်းမြင်သာမှုမရှိဟု အုပ်ချုပ်ရေးအဖွဲ့ ပြော
Donate to DVB

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီရဲ့ ဘုရား အလှူခံပုံးတွေ ဖွင့်ဖောက်တဲ့နေရာမှာ အလှူငွေ စာရင်းဇယားအတိအကျ မရရှိတဲ့အတွက် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ရင်ပြင်တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကျိုက်ထီးရိုးဘုရား အလှူခံပုံးတွေကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဂေါပကအဖွဲ့ အပါအဝင် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့တွေက စုပေါင်းဖွင့်ဖောက်ကြပါတယ်။ ရရှိတဲ့ ငွေစာရင်းဇယား အသေးစိတ်အချက်အလက်ကို ဂေါပကအဖွဲ့ ထုတ်ပြန်ပေးတာ မရှိတော့ဘူးလို့ ရင်ပြင် ဆပ်ကော်မတီ အဖွဲ့ခေါင်းဆောင်တဦး ပြောပါတယ်။

ကျိုက်ထီးရိုးရင်ပြင် ဆပ်ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးကျော်မင်းဦးက “ဂေါပကအဖွဲ့ ကတော့ ဒီနောက်ပိုင်းမှာ အလှူခံပုံးက ရတဲ့ ငွေစာရင်းတွေကို မပေးတော့ပါဘူး၊ ပေးရင်လည်း အားလုံး ပေါင်းထားပြီးတဲ့ စာရင်းအချုပ်ပဲ ပေးတယ်၊ အလှူ တပုံးချင်ရဲ့ ငွေအမောက်ကို မပေးတော့ဘူး” လို့ ပြောပါတယ်။

ကျိုက်ထီးရိုးရင်ပြင် ဆယ်အိမ်စုမှူး ဦးအောင်ကိုလတ်က “အရင်ကဆို အမေရိကန်ဒေါ်လာ က ဘယ်လောက်၊ ထိုင်းဘတ်က ဘယ်လောက်၊ အားလုံး စာရင်းနဲ့ ပေးတယ်။ အခုက စာရင်းမပေးတော့ဘူး၊ နောက်ပြီး ဂေါပကအဖွဲ့ ပြောတာက ဂေါပကအဖွဲ့ကလွဲပြီး ဘယ်သူကို မပေးဘူးလို့ ပြောတယ်”လို့ ပြောပါတယ်။

ကျိုက်ထီးရိုး စေတီမှာ အလှူခံပုံးပေါင်း ၃၀ ကျော် ရှိနေပြီး၊ အလှူခံပုံး ဖွင့်ဖောက်ပါက တစ်ပတ်ကို အနည်းဆုံး ကျပ် သိန်း ၁၅၀ ကနေ ၂၀၀ အထိ ရရှိနေတယ်လို့ ဆိုပါတယ်။

အခုလို အလှူခံပုံးတွေ ဖွင့်ဖောက်တဲ့ နေရာမှာ တခြားအဖွဲ့တွေကို မိတ္တူ မပေးတာဟာ ဂေါပကအဖွဲ့ခေါင်းဆောင်တွေက ချမှတ်ထားတဲ့ စနစ်ဖြစ်တယ်လို့ ဂေါကပအဖွဲ့ ဝင် တစ်ဦး တုံ့ပြန်ထားပါတယ်။

ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးတင်စိုးက “အရင်ကတော့ အဲလို မိတ္တူပေးတာတော့ မသိဘူး၊ မိတ္တူ မပေးတာကလည်း အဖွဲ့ခေါင်းဆောင်တွေက ချမှတ်ထားတဲ့ စနစ် ဖြစ်တယ်”လို့ ပြောပါတယ်။

ဒါကြောင့် တခြားအဖွဲ့အစည်းတွေအနေနဲ့ အလှူခံပုံးကနေ ရရှိလာတဲ့ ငွေစာရင်းဇယားကို တရားဝင်စာနဲ့ တောင်းဆိုပါက မိတ္တူပေးပို့သွားမယ်လို့ ဆိုပါတယ်။ အခုအခါ ကျိုက်ထီးရိုး စေတီရဲ့ ဘုရားရန်ပုံငွေမှာ အလှူခံပုံး အပါအဝင် တခြား လေလံအမျိုးမျိုးက ရရှိထားတဲ့ ဝင်ငွေပေါင်း ကျပ် ၁၀ ဘီလီယံအထိ ရရှိနေပြီလို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ဇော်လွင်ထွတ်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013