DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ယာဉ်တန်း အရက်ပုလင်းခွံဖြင့် ပစ်ပေါက်ခံရ
DVB
·
March 3, 2019
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ယာဉ်တန်း အရက်ပုလင်းခွံဖြင့် ပစ်ပေါက်ခံရ
1 / 4
Donate to DVB

ပုလောမြို့နယ်၊ ပလောက်မြို့ အနီးမှာ မတ်လ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲလောက်က တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ယာဉ်တန်း အရက်ပုလင်းခွံနဲ့ ပစ်ပေါက်ခံရလို့ ကားလေကာမှန် အက်ကွဲသွားခဲ့ပါတယ်။

အစိုးရအဖွဲ့ယာဉ်တန်းဟာ ပုလောမြို့နယ်မှ ထားဝယ်မြို့နယ်အပြန် ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာနဲ့ အင်းမကျေးရွာအကြား မိုင်တိုင်အမှတ် ၆၉ /၁ အနီး အရောက်မှာ ယာဉ်မောင်း အငယ်တန်း အင်ဂျင်နီယာ ဦးအာကာကျော် မောင်းနှင်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း၊ လက်ထောက်ညွန်ကြားရေးမှူး ဦးရှန်နှင်းထန်တို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် 3N - 2299 လင်ခရူဆာ အမျိုးအစားယာဉ်အား အရက်သေစာသောက်စားပြီး လမ်းဘေးမှာလမ်းလျှောက်နေတဲ့ စုစု ၃၂ နှစ်၊ ဆိုသူက လက်မှာကိုင်ထားတဲ့ အရက်ပုလင်းခွံနဲ့ ပစ်ပေါက်ခဲ့တာလို့ ပလောက်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အရက်ပုလင်းနဲ့ ပစ်ခံရတဲ့ကားက ယာဉ်တန်းရဲ့နောက်ဆုံးက ကားပါ။ ပုလင်းခွံနဲ့ပစ်တော့ လေကာမှန်အက်ကွဲသွားတယ်။ ယာဉ်ပေါ်ပါသူတွေကတော့ ထိခိုက်ဒဏ်ရာ မရပါဘူး။ တရားခံ ကိုလည်း ကျနော်တို့ရဲစခန်းမှာ ချုပ်ထားပါတယ်။"

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ စုစုအား ပလောက်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉-က /၄၂၇ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013