DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 2, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

မန္တလေးကုန်စည်ဒိုင်မှာမတ်ပဲ (အသစ်)က တစ်အိတ်ကို ၆၆၀၀၀ မှ ၇၂၀၀၀ ပေါက်ဈေးရပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ မတ်ပဲက တအိတ်ကို ၆၄၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၇၅၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီ(အသစ်)က တအိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်လည်း ပဲစင်းငုံနီက တအိတ်ကို ၇၅၆၀၀ ကနေ ၇၅၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၃၀၀၀ ကနေ ၇၃၅၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်းပြောင်းလဲမှုမရှိပါဘူး။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၂၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်တအိတ်ကို ၉၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

ပဲဇီးကွက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၆၂၀၀၀ ကနေ ၆၃၀၀၀ ပေါက်ဈေးရှိပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၁၈၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို  ၁၂၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းနက်(စမုံ)

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၂၅၀၀၀၀ ကနေ ၂၇၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၉၅၀၀၀ ကနေ ၂၆၇၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်ဖြူ

ပခုက္ကူကုန်စည်ဒိုင်မှာကြက်သွန်ဖြူ(ဗမာ)က တပိဿာကို ၃၅၀ ကနေ ၁၀၀၀ ပေါက်ဈေးရှိပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၀၀ ကနေ ၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင်တပိဿာကို အနိမ့်ဆုံး ၅၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013