DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်မြို့က ဒေါ်ပွေ့ထန်းရဲ့ တပိုင်တနိုင် ရိုးရာ ပြတိုက်လေး (ရုပ်သံ)
DVB
·
March 2, 2019
ကန်ပက်လက်မြို့က ဒေါ်ပွေ့ထန်းရဲ့ တပိုင်တနိုင် ရိုးရာ ပြတိုက်လေး (ရုပ်သံ)
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း လောက်နူးနယ်လို့ခေါ်တဲ့ ကန်ပက်လက်မြို့နဲ့ မိုင် ၁၀၀ ကျော် ဝေးတဲ့ ပျော့ရွာဇာတိ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ပွေ့ထန်းဆိုတဲ့ တောင်ပိုင်းချင်း အမျိုးနွယ် အမျိုးသမီးကြီးဟာ ဒီနေ့ထိ ကျန်းကျန်းမာမာနဲ့ သူမရဲ့ ရှေးဟောင်းပစ္စည်းလေးတွေ စုဆောင်းပြီး ကန်ပင်လက်မြို့ မြို့မ ၁ ဒိုင်ချင်းရပ်ကွက်ထဲမှာ ရိုးရာပြတိုက်လေးပမာ တည်ဆောက်ပြီး နေထိုင်ပါတယ်။

ဒေါ်ပွေ့ထန်းဟာ တောင်းပိုင်းချင်းမျိုးနွယ်တွေရဲ့ ရိုးရာ မျက်နှာတပြင်လုံးမှာ ပါးမဲ ခေါ် ပါးရဲ ဆေးမင်တွေကို ထိုးထားပြီး ရိုးရာ ပလွေကို နှာခေါင်းနဲ့ မှုတ်ပြပြီး ဒိုင်းချင်းရပ်ကွက်က သူမရဲ့ရိုးရာ ပြတိုက်လေးကို လာရောက်သူတိုင်းကို ဧည့်ခံပြသပါတယ်။

ကန်ပက်လက်မြို့ မြို့မ ၁ ရပ်ကွက် ဒိုင်ချင်းရပ်ကွက်က သူမရဲ့ ပြတိုက်ထဲမှာ တောင်ပိုင်းချင်း ၅ မျိုးရဲ့ ရိုးရာပစ္စည်းတွေကို စုဆောင်းမိသမျှ ပြသထားပြီး လာရောက် လည်ပတ်သူတွေကလည်း ချင်းရိုးရာ ဝတ်ဆုံတွေ ခဏငှားဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်နိုင်အောင်လည်း ဒေါ်ပွေ့ထန်းရဲ့ သားဖြစ်သူ ကိုကီနိုင်က စီစဉ်ပေးထားပါတယ်။

မိသားစု တပိုင်တနိုင် ပြတိုက်လေးကို လာရောက်သူတွေကိုလည်း အခကြေးငွေ ကောက်ခံခြင်း မရှိပဲ ရိုးရာတွေကို တပါးသူတွေသိအောင် ပြသလိုတဲ့ စိတ်နဲ့ပဲ ဒီပြတိုက်လေးကို တည်ခဲ့တာ ဖြစ်တယ်လို့လဲ ကိုကီးနိုင်က ဆိုပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒီပြခန်းငယ်လေးကို စတင်ပြသခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလို ကျောင်းပိတ် ရုံးပိတ် ရာသီတွေမှာဆိုရင် လာရောက်သူ ဦးရေ ၂၀၀ ကျော် ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013