DVB Logo
Home
မြန်မာသတင်း
စွန့်လွှတ်မြေများ တောင်သူလက်ထဲ အမြန်ရောက်ရေး အလေးထားလုပ်နေဟု သမ္မတပြော
DVB
·
March 2, 2019
စွန့်လွှတ်မြေများ တောင်သူလက်ထဲ အမြန်ရောက်ရေး အလေးထားလုပ်နေဟု သမ္မတပြော
Donate to DVB

စွန့်လွှတ်မြေတွေကို တောင်သူတွေဆီအမြန်ဆုံး ရောက်နိုင်ဖို့ ချမှတ်ထားတဲ့ မူဝါဒလုပ်ငန်းစဉ်နဲ့အညီ အလေးထားဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

၂၀၁၈ နှစ်ကုန်အထိ သိမ်းဆည်းမြေ ဧကပေါင်း ၄၂၅,၄၀၆ ကို ပြန်စွန့်လွှတ်ခဲ့ပြီး ၄၀၆,၇၁၉ ကို တောင်သူတွေလက်ကို ပြန်အပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးတော့ ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ခဲ့တဲ့ မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းတွေ ဥပဒေနဲ့အညီ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေတွေနဲ့ အများပြည်သူတို့အတွက် လက်ရှိအသုံးပြုထားတဲ့ မြေတွေကို မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေအဖြစ် ခွင့်ပြုချထားတာ မပြုလုပ်စေဖို့ ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

အစိုးရရဲ့ ကာလတိုအတွင်း ဦးစားပေးအကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ၁၁ ခုထဲမှာ တောင်သူလယ်သမားကြီးတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် မြေပိုင်ဆိုင်ခွင့် လက်မှတ်တွေ တနှစ်အတွင်း ရရှိရေး၊ လယ်ာယာမြေသွင်းအားစုတွေ အခွန်ကင်းလွတ်ခွင့်ပေးရေး၊ ဥပဒေမဲ့သိမ်းဆည်းထားတဲ့ လယ်ာယာမြေတွေ ပြန်လည်ရရှိရေး၊ လျော်ကြေးနဲ့ နစ်နာကြေးရရှိရေး စတာတွေကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ လာမယ့်နှစ်အတွင်းတိုးပွားလာမယ့် လူဦးရေအတွက် နိုင်ငံရဲ့စားနပ်ရိက္ခာ လုံခြုံ စိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်ကို ပိုပြီး တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်နဲ့ သီးနှံ စိုက်ပျိုးထုတ်လုပ်တာကို ဘက်ပေါင်းစုံက အရှိန်အဟုန် မြှင့်တင် အားပေး ဆောင်ရွက် ကြရမယ်လို့လည်း ပြောပါတယ်။

မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက “ကျနော်တို့ နိုင်ငံမှာ ဆန်စပါးဘက်က ကြည့်လို့ရှိရင်လည်း အရည်အသွေးနဲ့ ထုတ်လုပ်မှု တက်သင့်သလောက် မတက်ဘူး၊ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်။ နောက် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့ အနေအထားဖြစ်သလို တခြားစိုက်ပျိုးသီးနှံအမယ်စုံမှာလည်း ဝင်ငွေရနိုင်တဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဖွံ့ဖြိုးမှု နောက်ကျသွားတယ်။ အဓိက ပြဿနာကတော့ ပေါ်လစီပဲ” လို့ ပြောပါတယ်။

လွတ်လပ်စွာစိုက်ပျိုးတာကို အားပေးတာမျိုး လုပ်ရမယ်လို့လည်း သူက ပြောပါတယ်။

လယ်ယာမြေနဲ့တခြားမြေတွေ သိမ်းဆည်ခံရတဲ့ အမှုတွေမှာ တရာစွဲဆိုခံနေရတာ၊ မြေကိုရထားတဲ့ လုပ်ငန်းရှင်တွေကလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စာချွန်တော်တင်သွင်းလို့ သက်ဆိုင်ရာ တိုင်းအစိုးရတွေက တရားပြိုင်အဖြစ် ချေပနေရတာတွေရှိတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013