DVB Logo
Home
Lead Story
ဒေါ်နယ်ထရမ့်ပါ အံ့အားသင့်ခဲ့ရသည့် တန်ဇန်းနီးယား အမျိုးသမီးရဲ့ ဘောလုံးစွမ်းရည်(ရုပ်သံ)
DVB
·
March 2, 2019
ဒေါ်နယ်ထရမ့်ပါ အံ့အားသင့်ခဲ့ရသည့် တန်ဇန်းနီးယား အမျိုးသမီးရဲ့ ဘောလုံးစွမ်းရည်(ရုပ်သံ)
Donate to DVB

လူတဦးနဲ့ တဦးစွမ်းဆောင်နိုင်စွမ်းတွေ၊ အားသာချက်တွေဟာ မတူညီကြပါဘူး။ တချို့စွမ်း ဆောင်ရည်တွေဟာ ထင်မှတ်မထားသူတွေဆီမှာလည်း ရှိနေတတ်ကြပါတယ်။
ဒါကို သက်သေပြလိုက်တာကတော့ တန်ဇန်းနီးယားနိုင်ငံသူ အမျိုးသမီးတဦးပါပဲ။ သူဟာ ခန္ဓာကိုယ်အရွယ်အစား၊ အရပ်အမောင်းနဲ့မလိုက် ထင်မှတ်မထားလောက် အောင် ဘောလုံးစွမ်းရည်ပြသနိုင်ခဲ့ပြီး အွန်လိုင်းပေါ်မှာတော့ ရေပန်းစားလို့ နေခဲ့ပါ တယ်။
သူ့ရဲ့ ဘောလုံးစွမ်းရည်ပြ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ နိုင်ဂျီးရီးယားနိုင်ငံသား စွန့်ဦး တီထွင်သူတဦးဖြစ်တဲ့ အက်ကင်ဆွေးရာက တွစ်တာအင်တာနက်လူမှုကွန်ရက်စာမျက် နှာပေါ်မှတဆင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မျှဝေထားခဲ့တာဖြစ်ပြီး တမုဟုတ်ချင်း နာ မည်ကြီးသွားခဲ့တာပါ။
တကိုယ်တော် ဘောလုံးစွမ်းရည်ပြသမှုတွေနဲ့ အဆိုပါအမျိုးသမီးဟာ ဘောလုံးကို မြေ ကြီးပေါ် မကျစေဘဲ ခေါင်းနဲ့ အကြိမ်ပေါင်းများစွာ အဆက်မပြတ်တိုက်ပြခဲ့ပြီးနောက်မှာတော့ ခြေထောက်နဲ့ပါ အဆုံးသတ် တိုက်ပြခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူ၊ မှတ်ချက်ပေးသူ၊ မျှဝေသူတွေ အများကြီးရှိခဲ့ပြီး ပြန်လည်မျှဝေသူတွေထဲမှာ နာမည်ကြီးသူတွေလည်း ပါဝင်နေခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ Amazing လို့ ရေးသားခဲ့ပြီး ဒါကို မျှ ဝေထားခဲ့တာ တွေ့ရပြီး ဗြိတိန်နာမည်ကြီး Talent Show တခုဖြစ်တဲ့ The Good Morning  Brritain မှ ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့၊ အစီအစဉ်တင်ဆက်သူတဦးလည်းဖြစ်တဲ့ ပီး ယားစ်မော်ဂန်ကတော့ Brilliant လို့ ရည်ညွှန်းပြီး ပြန်လည်မျှဝေထားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013