DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမားနေ့ ဆရာစံဂုဏ်ပြုပွဲ မွေးဇာတိတွင် ကျင်းပ
DVB
·
March 2, 2019
တောင်သူလယ်သမားနေ့ ဆရာစံဂုဏ်ပြုပွဲ မွေးဇာတိတွင် ကျင်းပ
Donate to DVB

နယ်ချဲ့တော်လှန်ရေး တောင်သူလယ်သမားခေါင်းဆောင် ဆရာစံမွေးဖွားရာဇာတိ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်အရှေ့ကျေးရွာမှာ မတ်လ ၂ ရက်နေ့ ကျရောက်တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ ဆရာစံဂုဏ်ပြုပွဲကို ပြုလုပ်ခဲ့ပါတယ်။

သရက်ကန်အရှေ့ကျေးရွာက ဆရာစံရဲ့ မွေးဖွားရာဇာတိဖြစ်ပေမယ့် ပြည်သူတွေကြားထဲမှာ လူသိနည်း အမှတ်လွဲနေတဲ့အတွက် မသိသေးတဲ့ ပြည်သူတွေ သိစေရေး၊ ဆရာစံကို အောက်မေ့သတိရခြင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ်ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ကျေးရွာနေ တောင်သူလယ်သမား၊ ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်က ချီတက်လမ်းလျှောက်တာ၊ ဆရာစံရုပ်တုကို ဂုဏ်ပြုအလေးပြုတာ၊ အမှတ်တရ ဟောပြောတာ၊ စတုဒီသာကျွေးမွေးတာ၊ အားကစားပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲတွေကျင်းပတာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမယ့် တောင်သူလယ်သမားတွေဘဝက ဆင်းရဲနိမ့်ကျနေဆဲဖြစ်ပါတယ်။

သီးနှံဈေးကွက် မခိုင်မာတာ၊ မျိုးကောင်းမျိုးသန့်ပြဿနာ၊ သွင်းအားစုပြဿနာ၊ စိုက်ပျိုးစရိတ်ချေးငွေပြဿနာ၊ လယ်ယာသုံးစက်ပစ္စည်းဈေးကြီးတာ၊ ကုန်ထုတ်လမ်းပြဿနာ၊ လုပ်သားရှားပါးလာတဲ့ပြဿနာတွေလည်း အများကြီးရှိနေပါတယ်။

တောင်သူတွေဘဝ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာဖို့ နိုင်ငံတော်အနေနဲ့ အလေးထားဆောင်ရွက်ပေးဖို့လိုသလို လက်ရှိပြဋ္ဌာန်းထားတဲ့ မျိုးစေ့ဥပဒေ၊ မြေဩဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ လယ်ယာမြေဥပဒေတွေကိုလည်း အသက်ဝင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ဦးဆောင်းကျင်းပသူ ဦးသန်းဝေက ပြောပါတယ်။

အခုလို ဂုဏ်ပြုပွဲက ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး နောက်နှစ်တွေမှာလည်း ဒီထက်မက စည်စ်ာကားကား ကျင်းပသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013