DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ ဒီဗွီဘီ မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၆၂၇၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာမတ်ပဲ တအိတ်ကို ၆၆၀၀၀ မှ ၆၈၀၀၀ ပေါက်ဈေးရပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတ
DVB
·
March 1, 2019
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၆၂၇၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာမတ်ပဲ တအိတ်ကို ၆၆၀၀၀ မှ ၆၈၀၀၀ ပေါက်ဈေးရပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နှင့်မန္တလေးကုန်စည်ဒိုင်မှာ ၅၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မကွေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)ကပိဿာ ၆၀ ၀င်တအိတ်ကို ၇၇၁၀၀ ပေါက်ဈေး ရှိပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီတအိတ်ကို ၇၅၆၀၀ မှ ၇၆၈၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးနှင့်အောင်လံကုန်စည်ဒိုင်မှာ ၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၈၅၀၀၀ မှ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၈၄၀၀၀ မှ ၁၀၀၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင်တအိတ်ကို ၂၅၀၀၀၀ မှ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မကွေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၅၅၀၀၀ မှ ၂၆၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၁၀၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိဿာကို ၁၆၄၀ မှ ၁၆၅၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာစားအုန်းဆီတပိဿာကို ၁၇၀၀ ပေါက်ဈေးရှိပြီး ၃၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၁၀၀ မှ ၅၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာကြက်သွန်နီတပိဿာကို ၁၀၀ မှ ၅၃၅ ပေါက်ဈေးရှိပြီး ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံ ကုန်စည်ဒိုင်မှာ ၁၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံတွေထဲက မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်လိုက်ရင်တော့ တအိတ်ကို ၅၀၀ ကျပ်လောက် ဈေးတက်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ပဲအရောင်းအ၀ယ်က ပုံမှန်ဖြစ်နေပြီး ဈေးကလည်း အတက်အကျမများတာကိုလည်းတွေ့ရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ အိန္ဒိယမှာပြုလုပ်တဲ့ စီးပွားရေးဖိုရမ်မှာ မြန်မာအစိုးရက မတ်ပဲကို တန်ချိန် လေးသိန်း ၀ယ်ယူပေးဖို့ အိန္ဒိယကို တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

နောက်သီးနှံတခုကတော့ စားအုန်းဆီဈေးဖြစ်ပါတယ်။ စားအုန်းဆီကတော့ ဒီတပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။

ပြည်ပကနေအဓိ ကတင်ပို့နေတာ ဖြစ်တဲ့အတွက်ကြောင့် ငွေဈေးကျဆင်းတာနဲ့အမျှ စားအုန်းဆီက ကျဆင်းသွားတာ တွေ့ရပါတယ်။ ဆီကုန်သည်အသင်းမှာလည်း စားအုန်းဆီ အရင်းဈေးက တပိဿာကို ၆၅ ကျပ်လောက်ကျဆင်းသွားခဲ့ပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း တပိဿာကို ၆၀ လောက်ဈေးကျဆင်းသွားပါတယ်။

 

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013