Home
မြန်မာသတင်း
ဘန်ကောက်တွင် အလုပ်သွားလုပ်မည့် မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ
DVB
·
March 1, 2019
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာပြီး ဘန်ကောက်ကို အလုပ်သွားလုပ်မည့် မြန်မာ ၁၇ ဦး ဖမ်းဆီးခံရတယ်လို့ ချယ်နယ် ၈ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က နယ်စပ် ဖုပ်ဖရမြို့ နယ်ထဲကနေ တရားမ၀င်အလုပ်သမားတွေ အတွင်းပိုင်းဘက် တင်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းအရ မြို့နယ်လ၀က ရဲတပ်ဖွဲ့နဲ့  နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ တရားမ၀င်သူတွေ ၀င်ရောက်လာနိုင်မယ့် လမ်းကြောင်းမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ ၀မ်းကျောက်နယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိ ၀ပ်ချရဖုန်းခုန်းနားက သတင်းထောက်တွေကို ပြောပါတယ်။ ညနေ ၃ နာရီလောက်မှာတော့ ၀မ်းကျောက်မြို့နယ် ဘန့်မမုန့်အုပ်စု မြို့ပတ်လမ်းဘက်ေ မာင်းနှင်လာတဲ့  အနက်ရောင်တိုယိုတာ ဟိုင်းလပ်ကားကို တားဆီးစစ်ဆေးခဲ့ကြောင်း ၊ ကားပေါ်မှာ ယာဉ်မောင်း အသက် ၃၀ နှစ်ရွယ် နိုင်းကျဒရုန်းပိုခမ်း ဆိုသူ ထိုင်းတဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၂ဦး၊ အမျိုးသမီး၅ ဦး ပေါင်း  ၁၇ ဦးတို့ လိုက်ပါလာတယ်လို့ ဆိုပါတယ်။ အဆိုပါ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲ တရားဝင် ၀င်ရောက်လာတဲ့ အထောက်အ ထားမရှိဘဲ ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့အတွက် ပွဲစားတွေက တဆင့်ပြီး တဆင့် ခရီး တထောက်စီ လွှဲပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ဘန်ကောက်မှာ ပန်းရံအလုပ် ၊ ဆေးသုတ်အလုပ်နဲ့ အထည်ချုပ်စက်ရုံတွေမှာ တနေ့ လုပ်အားခ ဘတ် ၃၇၀ နဲ့ သွားရောက်လုပ်ကိုင်ဖို့အတွက် ပွဲစားကို တဦးလျှင် ဘတ်တ သောင်းကနေ တသောင်းခွဲအထိ ပေးခဲ့ရပြီး  မြန်မာနယ်စပ် ဖုပ်ဖရမြို့နယ်ဘက်ကနေ ၀င်လာတာလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024