DVB Logo
Home
မြန်မာသတင်း
အေအေတပ်ဖွဲ့၏ မိုင်းခွဲပစ်ခတ်မှုကြောင့် ရဲ ၂ ဦး ကျဆုံးဟု ရဲတပ်ဖွဲ့အတည်ပြု
DVB
·
March 1, 2019
အေအေတပ်ဖွဲ့၏ မိုင်းခွဲပစ်ခတ်မှုကြောင့် ရဲ ၂ ဦး ကျဆုံးဟု ရဲတပ်ဖွဲ့အတည်ပြု
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာ အေအေအဖွဲ့က ရဲတပ်ဖွဲ့ ယာဉ်တန်းကို မိုင်းထောင်ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကနေ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို ပြန်လည်အပ်နှံလွှဲပြောင်းဖို့ သွားရောက်တဲ့ ရဲတပ်ဖွဲ့ပိုင် Double Cab မော်တော်ယာဉ် ၃ စီးနဲ့ ယာဉ်လိုင်စင်စစ်ဆေးဖို့ စစ်တွေမြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ပို့ဆောင်မယ့် Mark II အဖြူရောင်ယာဉ် ၁ စီး စုစုပေါင်း ၄ စီးအား ရဲတပ်ဖွဲ့ဝင် ၄ ဦးက မောင်းနှင်လာစဉ် မိုင်းထောင်ဖောက်ခွဲခံရတာလို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာနဲ့ ပန်းနီလာကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်းမိုင်တိုင်အမှတ် ၁၆၅ အနီးအရောက် အေအေအဖွဲ့က ယာဉ်တွေကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ငယ် ကျည်ဆန်ထိမှန်ကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013