DVB Logo
Home
မြန်မာသတင်း
Daewoo ဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်
DVB
·
March 1, 2019
Daewoo ဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်
Donate to DVB

ကိုရီးယားနိုင်ငံအခြေစိုက် Daewoo ကုမ္ပဏီထုတ် ဘတ်စ်ကားတွေကို လာမယ့်ဧပြီလကစပြီး မြန်မာနိုင်ငံက စက်ရုံမှာ ထုတ်လုပ်သွားမယ်လို့ Daewoo Bus Myanmar ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောပါတယ်။

ဒီစက်ရုံကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်က ၁၄ ဧက ကျယ်ဝန်းတဲ့မြေကွက်ကို စက်မှုဝန်ကြီးဌာနစီက နှစ်ရှည်ငှားရမ်းပြီး တည်ဆောက်ထားတာပါ။

ကုမ္ပဏီအနေနဲ့ Mini Bus နဲ့ City Bus တွေကို တနှစ် ကားအစီးရေ ၅၀၀ လောက် ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

Daewoo Myanmar ရဲ့ ကား ServiceCenter တွေကို ထောက်ကြန့်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ဖွင့်လှစ်သွားမှာပါ။

အခုထုတ်လုပ်မယ့် ကားတွေဟာ ကိုရီးယားနိုင်ငံမှာ လက်ရှိ ထုတ်လုပ်နေတဲ့ ကားအမျိုးအစားဖြစ်ပြီး ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့သွားမှာပါ။

ဒေ၀ူးကော်ပိုရေးရှင်းရဲ့ တရားဝင်ဈေးသတ်မှတ်ချက်အရ စီးတီဘတ်တစီးကို ဒေါ်လာ ၈၇၆၀၀ နဲ့ မီနီဘတ်တစီးကို ဒေါ်လာ ၄၅၂၀၀ သတ်မှတ်ပြီး ရောင်းချနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013