DVB Logo
Home
Lead Story
မြန်မာ ၃ VS  ပြည်ထောင်စု
DVB
·
March 1, 2019
မြန်မာ ၃ VS  ပြည်ထောင်စု
Donate to DVB

ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ တတိယအကြိမ် E-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့ မိန့်ခွန်းထဲမှာ "ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကို အသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူအားလုံး သိရှိနားလည်ရေးအတွက် မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကားစနစ်ကို ပြုပြင်ရန် လိုအပ်ပါကြောင်း “ လို့ ပါဝင်သွားပါတယ်။

လူအတော်များများက ယူနီကုဒ်၊ ဇော်ဂျီ၊ မြန်မာ ၃ တွေနဲ့ ရင်းနှီးနေကြပေမယ့် ပြည်ထောင်စု ဆိုတဲ့ နာမည်ကိုတော့ အခုမှစပြီး ရင်းနှီးကြတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီ Post ကနေပြီးတော့ ပြည်ထောင်စုဖောင့်စနစ်နဲ့ Myanmar 3၊ ဇော်ဂျီတွေ ဘာကွာလဲဆိုတာကို နှိုင်းယှဉ် ဖော်ပြပေးသွားပါမယ်။

၁။ Pyidaungsu Font ဆိုတာ ဇော်ဂျီမဟုတ်၊ ယူနီကုတ်မဟုတ်တဲ့စနစ် အသစ်လား။

မဟုတ်ပါဘူး။ Pyidaugsu Font က ယူနီကုဒ်စနစ်ကို အခြေခံထားတဲ့ ဖောင့်ဖြစ်ပါတယ်။ Myanmar3 ကို အဆင့်မြှင့်ထားတဲ့ ဖောင့်ဆိုရင် ပိုမှန်ကန်ပါလိမ့်မယ်။ ဒါပေမယ့် Pyidaungsu font ရဲ့မူရင်းဖောင့်ကတော့ Myanmar Census ဆိုတဲ့ဖောင့်ဖြစ်ပါတယ်။ နောက်ပိုင်း 2014 ခုနှစ်မှာ Pyidaungsu ဆိုပြီး အမည်ပြောင်းလဲသွားခဲ့တာပါ။

၂။  Myanmar3 နဲ့ ဘာတွေ ကွာခြားသွားပါသလဲ။

Myanmar 3 ဖောင့်ကို တီထွင်ခဲ့တာ အတော်ကို ကြာမြင့်ခဲ့ပါပြီ။ ဆက်လက် ထိန်းသိမ်းဖို့ရာ အခက်အခဲ အကြောင်းအမျိုးမျိုးရှိလို့. Pyidaungsu Font ကို ဖန်တီးပြီး အဆင့်မြှင့်တင်ထားတာပါ။ Myanmar3 နဲ့ မကိုက်ညီတဲ့ စက်တွေ၊ ကွန်ပျူတာစနစ်တွေအတွက် Pyidaungsuနဲ့ ပိုမို အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။

အရေးအကြီးဆုံးတစ်ခုကတော့ Myanamar 3 မှမပါဝင်တဲ့ တိုင်းရင်းသား ဘာသာစကား

၁၆ မျိုးပါဝင်ပါတယ်။ အောက်မှာအသေးစိတ်ဖော်ပြပေးထားပါတယ်။

ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်။

၃။ Pyidaungsu font ကိုရိုက်ဖို့ လက်ကွက်အသစ်တွေ ဖြစ်သွားမှာလား။

လုံးဝမဖြစ်ပါဘူး ။ ယခင် Myanmar3 ကိုရိုက်တဲ့ နည်းစနစ်အတိုင်းပဲ ဆက်လက်ရိုက်လို့ရပါတယ်။ ယခင် Myanmar3 နဲ့ ရိုက်ခဲ့တဲ့စာတွေကိုလည်း ဖောင့်ကို Pyidaungsu အဖြစ် ပြောင်းလဲလိုက်ရင် စာလုံးပုံစံအနည်းငယ် ပြောင်းလဲသွားတာကလွဲလို့ အခြားဘာမှ အမှားအယွင်း မဖြစ်ပေါ်နိုင်ပါဘူး။

၎။ Window XP တို့ 7 တို့ 10 တို့ ပေါ်မှာ ကောင်းကောင်းအလုပ်လုပ်ပါသလား။

Pyidaungsu font က တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ ၂ မျိုးလောက်ရှိပါတယ်။

Window OS အနိမ့်တွေ၊ (ဥပမာ- Window 7 or xp ) နဲ့ Window office အနိမ့်( MS word 2007, 2010) စာတာတွေအတွက် Pyidaungsu font 1.8 ဗားရှင်းကို အသုံးပြုရပါတယ်။

Pyidaungsu font version 2.5 နဲ့စတာတွေကို MS office 2016 နှင့်အထက် ဗားရှင်းများမှာ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။

တကယ်လို့ကိုယ်က ခေါင်းအရှုပ်မခံချင်ရင်တော့ ဒီ Link လေးကိုသွားကြည့်ပြီး ဘယ်စက်အတွက် ဘာရွေးရမယ်ဆိုတာကို ရွေးချယ်လို့ရပါတယ်။

https://www.unicode.today/fonts-download/

၅။ Microsoft Office ဖြစ်တဲ့ MS word, powerpoint စတာတွေမှာတော့ဟုတ်ပါပြီ။ အခြား Adobe photoshop တို့ဘာတို့မှာကော သုံးလို့ရသလား။

Adobe ရဲ့ နောက်ဆုံး Update ထွက်တဲ့ ကုန်ပစ္စည်းတွေမှာဆိုရင်တော့ မည်သည့်ယူနီကုဒ် ဖောင့်ကိုမဆိုထည့်သုံးလို့ရပါတယ်။ ဒါပေမယ့် ဗားရှင်းအဟောင်းတွေမှာဆိုရင်တော့ Pyidaungsu Book ဆိုတဲ့ ဗားရှင်းကို သုံးရတယ်လို့ဆိုထားပါတယ်။

၆။ Pyidaungsu Zawdecode Font ဆိုတာကကောဘာလဲ

စနစ်ကူးပြောင်းရေးကာလတွင် သုံးစွဲသူများကို အဆင်ပြေစေရန် ရည်ရွယ်၍ ယူနီကုဒ်စနစ် အပြည့်အဝမှန်ကန်ပြီး ဇော်ဂျီ စာသားများပါ တတ်နိုင်သလောက် ဖတ်ရှုနိုင်သော အဆင့် ဖြစ်စေရန်အတွက် 30/8/2015 ရက်နေ့တွင် ထုတ်လုပ်ဖြန်ချိခဲ့ပါသည်။ ပြည်ထောင်စုဖောင့် လိုင်စင်အတိုင်း ဖြစ်ပါသည်။(ref : mcf.org.mm)

ဒါပေမယ့် ယခုအချိန်မှာတော့ ဒီအမျိုးအစားဖောင့်ကို မထည့်သွင်းမိဖို့ အရေးကြီးပါတယ်။ သုံးစွဲဖူးသော အတွေ့အကြုံများအရ မလိုလားအပ်သော ထပ်မံရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်လို့ ဖြစ်ပါတယ်။

၇။ ဒါဆိုစက်ထဲကို ဘယ်တစ်ခုကိုသွင်းရမလဲ။

မိမိစက်အမျိုးအစားအလိုက် ဖောင့်ကိုရွေးသွင်းပေးရပါတယ်။ Chrome Browser တို့ Mozilla Firefox တို့မှာလည်းဖောင့် ဆက်တင်ကို Pyidaungsu လို့ရွေးလိုက်တာနဲ့ တန်းမြင်နိုင်ပါတယ်။

 

ရေးသားသူ

ငြိမ်းချမ်းကိုကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013