DVB Logo
Home
မြန်မာသတင်း
ဆရာ​တော်​ဦး​သောဘိတအမှု တပ်မတော်အရာရှိတဦးကို စတင်စစ်ဆေး
DVB
·
February 28, 2019
ဆရာ​တော်​ဦး​သောဘိတအမှု တပ်မတော်အရာရှိတဦးကို စတင်စစ်ဆေး
Donate to DVB

လူမှုကွန်ရက်ပေါ်မှာ တပ်မတော်အား သိက္ခာကျဆင်းအောင် ပုတ်ခတ်ရေးသားခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ရွှေဝါရောင် ဆရာ​တော် ​ဦး​သောဘိတအမှုနဲ့ပတ်သက်လို့ တရားလိုဖြစ်တဲ့ တပ်​မ​တော်​အရာရှိတဦးကို ဒီနေ့ စတင်​စစ်​​ဆေးပါတယ်။

ဖေဖော်​ဝါရီ ၂၈ ရက်​​နေ့မှာ အမရပူရမြို့်​နယ်​တရားရုံးက တရားလိုဖြစ်​သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ (ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းကို စတင်​စစ်​​ဆေးခဲ့တာပါ။

“ကျ​နော်​အ​နေနဲ့ တခြားဘာမှ ​ပြောစရာမရှိပါဘူး။ တရားရုံးမှာ တရားဝင်​​ဖြေကြားထားတဲ့ အတွက်​ တခြား​ဖြေစရာမရှိပါဘူး” လို့  ဒုဗိုလ်မှူးကြီး မျိုးခိုင်​ဝင်းက​ ပြောပါတယ်။

ရွှေဝါ​ရောင်​ဆရာ​တော်​ ဦး​သောဘိတ (အလင်္ကာကြယ်​)က “ဦးဇင်း​ပြော​နေကြ စကား​လေး ရှိတယ်။ ဦးဇင်း​ပြောတဲ့ အ​ကြောင်း အကျိုးနဲ့​ဝေဖန်​မှုတွေကို တပ်​မ​တော်​က အ​ကြောင်းအကျိုးနဲ့ ပြန်​ရှင်းနိုင်​ဖို့လိုတယ်​၊ အဲလို အ​ကြောင်းအကျိုးနဲ့​ ဝေဖန်​ခဲ့တာကို ​တရားစွဲဆိုခဲ့တာဟာ တပ်​မ​တော်​ရဲ့ အင်​မတန်​နစ်​နာတဲ့ ဂုဏ်​သိက္ခာဖြစ်​တယ်​” လို့​ ​မိန့်​ကြားခဲ့ပါတယ်​။

အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်က မဟာဂန္ဓာရုံကျောင်းတိုက်မှာသီတင်းသုံး​နေတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ လူမှုကွန်ရက်စာမျက်​ပေါ်မှာ ၂၀၁၈ စက်တင်ဘာ ၉ ရက်နေ့က စေတနာတွေ မှန်ကန်ဖို့လိုပါတယ်။ ခေါင်းစဉ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ရဲ့ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ရေးသားခဲ့တာပါ။

ဒါကြောင့် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်သည်လို့ဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)နဲ့ အမှုဖွင့်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013