DVB Logo
Home
မြန်မာသတင်း
ငပလီတွင် ဖမ်းဆီးခံ တောင်သူ ၂ ဦးကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆို
DVB
·
February 28, 2019
ငပလီတွင် ဖမ်းဆီးခံ တောင်သူ ၂ ဦးကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆို
Donate to DVB

သိမ်းဆည်းခံမြေယာတွေပြန်ပေးဖို့နဲ့ ဖမ်းဆီးထားရတဲ့ တောင်သူ ၂ ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့က  ဒေသခံ ၆၀ လောက်က ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်မှာ မတရားချုပ်နှောင်ခံထားရတဲ့ တောင်သူ ဦးဝင်းမြင့်နဲ့ ဦးခင်မောင်ဝင်းတို့ကို လွှတ်ပေးဖို့၊ ရခိုင်ပြည်နယ်တောင် သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌနဲ့ ဇနီးတို့ကို တရားခံပြေးအဖြစ် အမှုစွဲဆိုထားတာရုပ်သိမ်းဖို့နဲ့ ငပလီအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပိုင်ဆိုင်မှုမရှိဘဲ ခြံစည်းရိုးကာထားတဲ့ ငပလီအုပ်ချုပ်ရေးမှူးကို အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

ဒါ့အပြင်မြေသိမ်း အမိန့်မပါဘဲ သိမ်းဆည်းခံထားရတဲ့ဦးဘအောင်ရဲ့ ခြံမြေ ၄ ဧကကျော်ကို လ/န ၃၉ ကို ချပေးထားတာအလိုမရှိတဲ့အကြောင်း၊ မြေ ၅၈ ကွက်ဖော်ဆောင်ရမယ့် အစား ၁၁၅ ကွက်ဖော်ထုတ်ရယူထားတဲ့ကိစ္စ ရှင်းလင်းပေးဖို့လည်း   ဒေသခံတွေကတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ လက်ရှိ ငပလီအထွေထွေအုပ်ချုပ်ဦးစီးဌာနက ခြံလာကာထားတဲ့ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်ကနေ ငပလီမြို့ လင်းသာရပ်ကွက်အထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ဦးဘအောင်ရဲ့သားဖြစ်သူ တောင်သူ ဦးဝင်းမြင့်နဲ့ သမက် ဦးခင်မောင်ဝင်းတို့ကို အာဏာပိုင်တွေက ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁) နဲ့  တရားစွဲဆို ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013