
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၆၂၃၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာမတ်ပဲ တအိတ်ကို ၆၅၀၀၀ မှ ၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန် စည်ဒိုင်မှာ ၇၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲလွန်းဖြူ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူကပိဿာ ၆၀ ၀င်တအိတ်ကို ၅၇၉၀၀ မှ ၆၆၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၆၅၀၀၀ မှ ၇၀၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နှင့် မန္တလေးကုန်စည်ဒိုင်မှာ ၄၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲကြီး
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၇၁၈၀၀ မှ ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၁၈၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မန္တလေးကုန် စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၈၀၀၀၀ မှ ၁၀၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၂၆၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၃၀၀ မှ ၁၀၀၀ ပေါက်ဈေးရှိပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၁၀၀ မှ ၅၅၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၄၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီကပိဿာ ၆၀ ၀င်တအိတ်ကို ၇၆၀၀၀ ပေါက်ဈေး ရှိပါတယ်။
အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီတအိတ်ကို ၇၅၆၀၀ မှ ၇၆၂၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့အောင်လံ ကုန်စည်ဒိုင်မှာ ၂၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲတီစိမ်း
မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၈၅၀၀၀ မှ ၁၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။
အောင်လံကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည် ဒိုင်မှာ ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











