DVB Logo
Home
Lead Story
“ထီပေါက်ရင်ဘာလုပ်မှာလဲ”(ရုပ်သံ)
DVB
·
February 28, 2019
“ထီပေါက်ရင်ဘာလုပ်မှာလဲ”(ရုပ်သံ)
Donate to DVB

အင်တာနက်လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ ဒီကနေ့ခေတ်မှာတော့ ပြင်ပကမ္ဘာက အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ အသီးသီးကို ကိုယ်စားပြုတဲ့ သီးခြားရပ်ဝန်းတခုသဖွယ် ဖြစ်နေခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်တခွင် ဘာတွေဖြစ်နေသလဲ၊ မြန်မာနဲ့ နိုင်ငံတကာ ရပ်ဝန်းအသီးသီး က လူသားတွေ နေထိုင်ကြတဲ့ ကမ္ဘာတ၀ှမ်းမှာရော ဘာတွေဖြစ်နေပါသလဲ။ ဒါတွေဟာ လက်ရှိအချိန်မှာတော့ ခွဲခြားမရတော့အောင် ပြောင်းလဲလာတဲ့ အရွေ့တခုဖြစ်နေပါပြီ။

ပျော်ရွှင်စရာ၊ ၀မ်းနည်းကြေကွဲစရာ၊ အတုယူစရာ၊ ချီးကျူးစရာ၊ ဝေဖန်စရာ၊ ထောက်ပြစရာစတဲ့ လူမှုဘ၀အကြောင်းအရာတွေဟာ ဖေ့စ်ဘွတ်ခ်ပလက်ဖောင်းပေါ်မှ တဆင့် မျှဝေကြရင်း တချို့ဖြစ်ရပ်တွေ၊ အကြောင်းအရာတွေက သတိပြုစရာတွေ ဖြစ် လာနေပါတယ်။

ဒီနေ့မှာတော့ ဖေ့စ်ဘွတ်ခ်ပေါ် ရေပန်းစားနေတဲ့ ရုပ်သံဗွီဒီယိုကလစ်လေးတခုကို မျှဝေပေးချင်ပါတယ်။ ဒါကတော့ အခုလာမယ့် ကျပ်တသောင်းတန် ထီလက်မှတ်စတင် ထုတ်ဝေအပြီးမှာ ထွက်လာခဲ့တာဖြစ်ပြီး ထီပေါက်ခဲ့ရင် ဘာတွေဆက်လုပ်မလဲ၊ ဘယ်လို မျှော်လင့်ထားသလဲဆိုတာတွေကို သီချင်းလေးကတဆင့် ဟာသရသမြောက်အောင် သီ ဆိုထားခဲ့တာ ဖြစ်ပါတယ်။

မျိုးသီဟဇော်အမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ဒီသီချင်းရုပ် သံဗွီဒီယိုဖိုင်ကို မျှဝေထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ၃ ရက်အတွင်း ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းနီးပါး ရှိနေခဲ့ပါတယ်။

ထီပေါက်ရင် ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေ၊ အစီအစဉ်တွေက ဘာတွေများ ဖြစ်မှာပါလဲ။ မျိုးသီဟဇော်တို့ သူငယ်ချင်းတစုရဲ့ အစီအစဉ်က ဘာတွေလဲဆိုတာ သိရအောင် ကြည့်ရှုလိုက်ပါဦး။

“ထီပေါက်ရင် you တို့ဘာလုပ်ကြမလည်း😃

ကျနော်တို့အစီအစဉ်ကတော့ အာ့ပဲ😬😬”

ရုပ်သံ-Myo Tiha Zaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013