DVB Logo
Home
Lead Story
ဝေကြီးရေးစပ်ပြီး အိပ်မက်ဆုံရာ တေးသံရှင် လဖိုင်နန်ရော်သီဆိုသည့် အသည်းကွဲသီချင်း(ရုပ်သံ)
DVB
·
February 28, 2019
ဝေကြီးရေးစပ်ပြီး အိပ်မက်ဆုံရာ တေးသံရှင် လဖိုင်နန်ရော်သီဆိုသည့် အသည်းကွဲသီချင်း(ရုပ်သံ)
Donate to DVB

“လိမ်နေတာက အချစ်ပဲလား… ခွင့်လွှတ်ခြင်းက အတိုင်းနဲ့အတာ… ငါ့ရင်ခွင်ကို နင်ပစ်ပြီးတော့မှ… နေရထိုင်ရတာ အဆင်ပြေတယ် မဟုတ်လား”
ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ ရူးသွားမယ်အမည်ရတဲ့ သီချင်းထဲက စာ သားတွေဖြစ်ပြီး အွန်လိုင်းပေါ်မှာတော့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ နာမည်ကြီးလူငယ်တေးရေးဆရာ ဝေကြီးက ရေးစပ်ထားခဲ့တာ ဖြစ်ပြီး အိပ်မက်ဆုံရာ - ရာသက်ပန်တေးသံရှင် လဖိုင်နန်ရော်က သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။
“ညာနေတာရော အချစ်ပဲလား… နောက်ဆုံးတော့ ဘာလဲအချစ်ဆိုတာ… ငါ့လိုလူ ကို နင်ထပ်ပြီးတော့မှ… ဆက်ပြီးရက်စက်နေရတာရော… နင်ပျော်ရဲ့လား”

ပြိုင်ပွဲတလျှောက် ထူးခြားတဲ့ အသံ၊ ဟန်တွေနဲ့ သီဆိုပြိုင်ပွဲဝင်ခဲ့တဲ့ လဖိုင်နန်ရော် ဟာ ပရိသတ်အားပေးမှု အမြောက်အမြားရရှိခဲ့တဲ့ အိပ်မက်ဆုံရာ ရာသက်ပန် Season 3 မှာ ယှဉ်ပြိုင်ခဲ့ပြီး First Runner Up ဆုကို ရရှိခဲ့သူတယောက် ဖြစ်ပါတယ်။

“ငါ့ကြောင့် အသက်ရှုကြပ်ပါတယ်… ချစ်သူလေးရေ ငါသိတယ်… ကမ္ဘာကြီး တ ၀က်က အသဲတွေကွဲ… တ၀က်က ရက်စက်ကြတယ်… ငါ့ကြောင့် စိတ်ပင်ပန်းပါတယ်… မင်းမလိုတော့တာ ငါသိတယ်… ခဏလောက် အသဲကွဲကြည့်လှည့်… မင်းရက်စက်ခဲ့… ရူးတောင်သွားမယ်… ငါ့ကမ္ဘာပျက်ကြီးထဲ”

တေးရေးဆရာ ဝေကြီးဟာ ဆန်းသစ်လှပတဲ့ သီချင်းစာသားတွေနဲ့အတူ ပရိသတ် ကို ဖမ်းစားနိုင်ပြီး ခုထွက်ရှိလာတဲ့ ရူးသွားမယ် သီချင်းမှာရော အဆိုပညာမှော်အောင်တဲ့ လဖိုင်နန်ရော်ရဲ့ သီဆိုမှုနဲ့ ဘယ်လိုတွဲဖက်ဖန်တီးထားသလဲဆိုတာကို ပရိသတ်တွေက နားဆင်ကြရမှာ ဖြစ်ပါတယ်။

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၂ က စတင်ခဲ့ပြီး အိပ်မက်ဆုံရာ အမည်နဲ့ Season 1 မှ 10 အထိ ပြုလုပ်ခဲ့ကာ အိပ်မက်ဆုံရာ ရာသက်ပန် အမည်ဖြင့် Season 1 မှ 5 အထိ ပြုလုပ်ခဲ့ပြီးချိန်မှာတော့ ရပ်နားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013