DVB Logo
Home
မြန်မာသတင်း
မသွဲ့သွဲ့ဝင်းတို့ ၃ ဦးကို တားဆီးပိတ်ပင်မှုဖြင့် ဒဏ်ငွေ ငါးသောင်းစီချမှတ်
DVB
·
February 28, 2019
မသွဲ့သွဲ့ဝင်းတို့ ၃ ဦးကို တားဆီးပိတ်ပင်မှုဖြင့် ဒဏ်ငွေ ငါးသောင်းစီချမှတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တရားရုံးက မသွဲ့သွဲ့ဝင်း၊ မစန်းလှ၊ မဖြူဖြူဝင်းတို့ သုံးဦးကို မတရားတားဆီးပိတ်ပင်မှု ပုဒ်မ ၃၄၁ နဲ့ ဖေဖော်ဝါရီ ၂၇ ရက်က တဦးစီကို ဒဏ်ငွေ ကျပ် ၅၀၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မတ်လ ၂၉ ရက်က ဝှက်မှေးကျေးရွာဟောင်းမှ ရွာသစ်ကို အိမ်ရွှေ့ပြောင်းရာမှာ ရဲလုံခြုံရေးအင်အား ၁၀၀ လောက်နဲ့ ရွာထဲဝင်ရောက်ဝန်းရံခဲ့တဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ကျေးရွာနေထိုင်သူတွေ အချင်းများခဲ့ပြီး မသွဲ့သွဲ့ဝင်းတို့ သုံးဦးကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ အမှုဖွင့်တရားစွဲခဲ့တာပါ။

မသွဲ့သွဲ့ဝင်းက"ကျမတို့ သုံးဦးကို ပုဒ်မ ၃၃၂ ၊ ၃၄၁ တို့နဲ့ အမှုဖွင့်တရားစွဲဆိုတယ်။ ပုဒ်မ ၃၃၂ ကတော့ ရဲမေကို ကိုယ်ထိလက်ရောက်ကျူးလွန်တာ မဟုတ်ဘူးလို့ စစ်ဆေးတွေ့ရှိရလို့ ပယ်ချလိုက်တယ်။ ကျမတို့ ဗွီဒီယိုဖိုင်တွေနဲ့ ဓာတ်ပုံတွေလည်း သက်သေတင်တယ်။ ဖြစ်တုန်းက သတင်းထောက်တွေလည်း အကုန်ဘေးမှာ ရှိပါတယ်။ ပုဒ်မ ၃၄၁ ကတော့ မတရားတားဆီး ပိတ်ပင်ပါတယ်ဆိုပြီး တဦးစီကို ဒဏ်ငွေ ကျပ် ၅၀၀၀၀ ချပစ်တယ်။ ကျမတို့အနေနဲ့ တကယ်ကျူးလွန်ခြင်းမရှိပါဘဲ အခုလိုအမိန့်ချမှတ်တဲ့ အပေါ်မှာတော့ ကျေနပ်မှုမရှိပါဘူး။ ကျမတို့ဘက်က မတရား ဘာမှမလုပ်ခဲ့ဘူး" လို့ ပြောပါတယ်။

အခင်းဖြစ်ပွားစဉ်အချိန်က ရဲမေတယောက်ဟာ ရဲအင်အားနဲ့အတူ ကျေးရွာထဲ ဝင်ရောက်ရာမှာ နောက်က ရဲမေတဦးနဲ့ ခလုပ်တိုက်မိပြီး လဲကျသွားတာလို့ တရားရုံးက စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဝှက်မှေး၊ ဆည်တည်း၊ ဇီးတောကျေးရွာတွေဟာ ရွှေ့ပြောင်းခံခဲ့ရပြီး လယ်ယာမြေတွေလည်း သိမ်းဆည်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

မြေယာလျော်ကြေးမယူတဲ့ တောင်သူတွေကတော့ ကျေးရွာဟောင်းမှာ ကျန်ရှိနေထိုင်ကြပြီး တောင်သူတချို့ကတော့ လျော်ကြေးယူပြီး ကျေးရွာသစ်ဆီကို အိမ်ခြေတွေ ရွှေ့ပြောင်းသွားကြတာပါ။

လက်ရှိမှာတော့ ဝက်မှေးကျေးရွာမှာ မရွှေ့ပြောင်းသေးတဲ့ အိမ်ခြေပေါင်း ၃၀ ကျန်ရှိနေပြီး အများစုဟာ မြေယာလျော်ကြေး မယူထားဘူးလို့ သိရပါတယ်။

သတင်း/ဓါတ်ပုံ - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013