DVB Logo
Home
Lead Story
ငြိမ်းချမ်းဖွံ့ဖြိုးရေးနဲ့ အလုံးစုံအနိုင်ရရေး
DVB
·
February 28, 2019
ငြိမ်းချမ်းဖွံ့ဖြိုးရေးနဲ့ အလုံးစုံအနိုင်ရရေး
Donate to DVB

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုပြီး နေပြည်တော်ရှိ ကာကွယ်ရေးတက္ကသိုလ်မှာ ပထမဆုံးအကြိမ် သင်တန်းပို့ချခဲ့တယ် ဆိုတဲ့သတင်းဟာ ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အတူယှဉ်တွဲ ရိုက်ကူးထားတဲ့ ပုံတွေနဲ့အတူ ထိပ်တန်းသတင်းအဖြစ် သတင်းစာတွေ ဂျာနယ်တွေမှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ၊ လူထုအဖွဲ့အစည်းတွေ၊ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား ရင်ကြားစေ့ရေးကို အသည်းအသန် ကြိုးပမ်းနေချိန်မှာ အခုလို ဗိုလ်မှူးကြီးအဆင့် တပ်မတော်အရာရှိတွေကို မဟာဘွဲ့ပေးတဲ့ တက္ကသိုလ်တခုမှာ လက်ရှိမြန်မာနိုင်ငံနဲ့ နိုင်ငံခြားရေး အခြေအနေတွေကို အချိန်ပိုင်း လာရောက်ပြီး ပို့ချတယ်ဆိုတဲ့ သတင်းဟာ နိုင်ငံရေးအကဲခတ်သူတွေရဲ့ စိတ်ဝင်စားမှုကို အထူးရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ သံတွဲမြို့နယ် ငပလီကမ်းခြေ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) မှာ ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီပွဲကို နိုင်ငံတကာ ရန်လိုတဲ့ သတင်းစာအသိုင်းအဝိုင်းက လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ဖုံးကွယ်ပြီး စီးပွားရေးနဲ့ မက်လုံပေး ဆွဲဆောင်တယ်လို့ စွပ်စွဲပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုက်အဝန်းရဲ့ အာရုံစိုက်မှုက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ ပြည်နယ်အတွင်း များပြားစွာတည်ရှိနေတဲ့ အလားအလာကောင်းတွေထက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံထားနေခဲ့တာ ကာလရှည်ကြာခဲ့ပြီဖြစ်ပါတယ်” လို့ အတိအလင်း ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ခဲ့ကြတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ တပ်မတော်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ AA နဲ့ တိုက်ပွဲတွေကို အဓိကထားရှင်းပြပြီး လက်နက်ကိုင်အဖွဲ့တွေမရှိရင် တပ်မတော် နိုင်ငံရေးက နုတ်ထွက်မယ်ဆိုတဲ့ သတင်းကို အသားပေး ဖော်ပြကြတာကို တွေ့ရပါတယ်။

ဒီရက်ပိုင်း သတင်းတွေကို ဖတ်မိလိုက်တဲ့အခါ ငြိမ်းချမ်းရေးးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးစဉ်းစားတဲ့ နည်းလမ်းက တဖက် အလုံးစုံအနိုင်ရရေးကို ဦးစားပေး စဉ်းစားတဲ့ နည်းလမ်းက တဖက်လို့ မြင်လိုက်မိပါတယ်။

ငြိမ်းချမ်းဖွံ့ဖြိုးရေးလမ်းကြောင်းဟာ ရေဆန်လမ်းလို ခက်ခဲကြမ်းတမ်းမှု၊ စွန့်စားမှု စိန်ခေါ်မှုတွေအပြည့်နဲ့ ရင်ဆိုင်ရနိုင်သလို အလုံးစုံအနိုင်ရရေးဟာ နောက်ဆုံးတော့ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်သွားတယ်ဆိုတာ သမိုင်းက သက်သေပြပြီးဖြစ်ပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013