DVB Logo
Home
မြန်မာသတင်း
သာယာဝတီအကျဉ်းထောင်အတွင်း စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
February 28, 2019
သာယာဝတီအကျဉ်းထောင်အတွင်း စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Donate to DVB

သာယာဝတီအကျဉ်းထောင်အတွင်း အကျဉ်းသားတွေဆီက စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀  လောက်ကို မနေ့က ဖမ်းဆီးရမိပါတယ်။
သာယာဝတီထောင်အတွင်းမှာ အကျဉ်းသားအချင်းချင်း မူးယစ်ဆေး အရောင်းအ၀ယ်ပြုရာကနေ အဝေမတည့်ဖြစ်ပြီး သတင်းထွက်လာလို့ အကျဉ်းထောင်ဦးစီးအရာရှိ ဦးလှဝင်းချို နဲ့ အဖွဲ့က ၀င်ရောက်စစ်ဆေးရာကနေ ဖမ်းဆီးမိခဲ့တာလို့ သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူတဦးက ပြောပါတယ်။

ထောင်တာဝန်ရှိသူတွေ အိပ်ဆောင်အမှတ် ၅ အခန်း ၂ မှာ ဝင်ရောက်ရှာဖွေရာ ထောင်ဒဏ်တသက် လွတ်ရက်မရှိ ကျခံနေရသူ အကျဉ်းသား သိန်းထက်ဦးဆီကနေ စအိုအတွင်း ထည့်ထားတဲ့ wy စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၆ ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြား နဲ့ ပြစ်ဒဏ် ၁၀ နှစ်ကျခံနေရသူ အကျဉ်းသား ကပ်ပရယ်ဒူလ္လာရဲ့ စအိုအတွင်းမှာ အပြာရောင် ပလတ်စတစ်နဲ့ ပတ်ထားတဲ့ wy စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား ရှာဖွေဖမ်းဆီးရမိခဲ့တာပါ။

သာယာဝတီ ထောင်အတွင်းမှာ ဖေဖော်ဝါရီ ၂၇  ရက် တနေ့တည်း မနက်တကြိမ်၊ ညနေပိုင်းတကြိမ် ၂ ကြိမ် ဖမ်းဆီးရမိခဲ့တာပါ။

မနက်ပိုင်းကလည်း မူးယစ်ပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၅၀ ကျခံနေရသူ အိုက်ပွဲ (ခ) စိုင်းပွ ထံမှ wy စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၀ ပြား ဖမ်းဆီးရရှိခဲ့ပါတယ်။

သာယာဝတီထောင်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေကြသူ အကျဉ်းသား ၅ ဦး အား အရေးယူပေးဖို့ သာယာဝတီအကျဉ်းထောင် ဦးစီးအရာရှိ ဦးလှဝင်းချိုက တရားလိုပြုလုပ်တိုင်တန်းလာလို့ သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့က မူး/စိတ် ပုဒ်မ ၁၉(က) /၂၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013