DVB Logo
Home
မြန်မာသတင်း
သံတောင်ရဲစခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အေအေ ပြန်လွှတ်ပေး
DVB
·
February 28, 2019
သံတောင်ရဲစခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အေအေ ပြန်လွှတ်ပေး
1 / 5
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သံတောင်  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို ရက္ခိုင့်တပ်မတော် (အေအေ)က သီတင်းတပတ်နီးပါး ဖမ်းဆီးထားရာကနေ  ပြန်လွှတ်ပေးလိုက်ပါတယ်။ 

သံတောင် အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့ ​ဖေ​ဖော်​၀ါရီ ၂၇ ရက်​ ညနေ ၅ နာရီလောက် ပြန်လည်လွတ်မြောက်လာပြီး သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ မိသားစုဝင်​တွေက​ ပြောပါတယ်။

သူတို့နေထိုင်တဲ့ ​ကျေးရွာတွေက ရပ်မိ၊ရပ်ဖနှစ်​ဦး လာရောက်ခေါ်ယူဖို့ အေအေ အဖွဲ့က အကြောင်းကြားလာတဲ့အတွက် ချိန်းဆိုတဲ့နေရာကို ​ကျေးရွာရပ်​မိရပ်​ဖတွေ သွား​ရောက်​သွား ​ခေါ်ယူခဲ့တာဖြစ်​​ပါတယ်။

ပလက်ဝမြို့နယ်ထဲက ခူးချောင်းရွာစပ်က တောထဲမှာ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ​ဒေသခံ ရွာသား​တွေက စိုးရိမ်တဲ့အတွက် ခေါ်သင့်၊ မခေါ်သင့် အာဏာပိုင်​​တွေထံ အသိ​ပေး အကြံ​တောင်းခဲ့ရတယ်​လို့ သံ​တောင်​​ကျေးရွာသားတ​ဦးက ​ပြောပါတယ်​။

ဖေဖော်ဝါရီ ၂၂ ရက်က  အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သံထောင်ရဲကင်းစခန်းကို ဝင်တိုက်ခဲ့ပြီး စခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်​ပါတယ်​။

သူတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်က သံထောင်ကျေးရွာမှာပြုလုပ်ခဲ့တယ်လို့ ချင်းအခြေစိုက် ခိုနုမ်းသုန် သတင်းမှာရေးပါတယ်​။

ဗညား

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013