DVB Logo
Home
မြန်မာသတင်း
ရတနာပုံဆိုင်ဘာစီးတီးကျောင်းသားကိုသတ်သည့် အဓိကတရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်​ချ
DVB
·
February 27, 2019
ရတနာပုံဆိုင်ဘာစီးတီးကျောင်းသားကိုသတ်သည့် အဓိကတရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်​ချ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီး ရတနာပုံဆိုင်ဘာစီးတီးကျောင်းသားကို သတ်​ခဲ့တဲ့သူတွေကို  မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၉၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံဖို့ ဒီနေ့ ပြင်ဦးလွင်ခရိုင် တရားရုံးက အမိန့်ချမှတ်​ပါတယ်​။

အမှုတွဲမှာပါဝင်ခဲ့တဲ့ ကု​ဋေစိုး(ခ) ငစိုးကို ပုဒ်မ ၃၉၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀၊  စူးရှ (​ခ)​ ကျော်​​ကျော်​သင်းကို ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ် အမိန့်ချမှတ်ခဲ့ပြီး အသက်မပြည့်သေးတဲ့ မောင်နှစ်တစ် (ခ) ကိုကိုမောင်ကိုတော့ ထောင် ၇ နှစ် ချမှတ်ခဲ့ပါတယ်​။

ပြင်ဦးလွင်ခရိုင်တရားရုံးက ပြန်ကြားရေးအရာရှိ ဒေါ်သန္တာရှင်က “​ကျောင်းသားကို သတ်​ခဲ့တဲ့အမှုမှာ (၁) တရားခံ မှုံကြီးက ဒီကိစ္စမှာ အဓိကပတ်သက်နေလို့ သူ့ကို သေဒဏ်ချမှတ်ခဲ့ ပါတယ်။ အဲ့ဒီမှာ (၃) တရားခံပါပါတယ်။ စူးရှ (​ခ)​ ကျော်​​ကျော်​သင်း က လူငယ်ဖြစ်နေတဲ့အတွက် ၁၀ နှစ်အထက် ချလို့မရဘူးဖြစ်နေတယ်”လို့ ​ပြောပါတယ်​။

လူသတ်​တရားခံကို ရုံးချိန်းပေါင်း ၁၀ ချိန်း စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၂၃ ဦးအနက် ၉ ဦးကို​တော့ တရားရုံးက ပယ်ချခဲ့ပါတယ်။ နောက်တိုးသက်သေ တဦးကို စစ်ဆေးခဲ့ကာ တရားလိုပြသက်သေတွေ စစ်ဆေးအပြီးမှာ တရားခံပြသက် နှစ် ဦးကို ဆက်လက်စစ်ဆေးခဲ့ ပါတယ်​။

ပြင်​ဦးလွင်​မြို့နယ်​ ပြင်​စာအနီးက နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီး ICT မေဂျာ ဒုတိယနှစ် ပညာသင်ကြားနေတဲ့ အသက် ၁၇ နှစ်အရွယ် ကိုထက်လင်းသန့်ကို  ဒီဇင်ဘာ ၆ ရက် ညနေက အမည်မသိလူတွေက ရိုက်နှက်​ ဆိုင်ကယ်လုယက်ခဲ့ပြီး နေရာမှာ သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်က ကျူးလွန်သူ ၃ ဦးကို ပထမဆုံးဖမ်းမိခဲ့ပြီး အခြားတဦးကိုလည်း သက်​​သေခံ လုယက်​ခံခဲ့ရတဲ့ မော်​​တော်​ဆိုင်​ကယ်​နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်​။

ကျောင်းသား ကိုထက်လင်းသန့်နဲ့ မဇူးဇူးဟန်ကို တို့ဟာ သုံးထောင်ကျေးရွာက စားသောက်ဆိုင်ကနေ ရတနာပုံမြို့သစ်စီမံကိန်းအတွင်းလမ်းက​နေ ပြန်လာစဉ်မှာ အမည်မသိလူတွေက  ဆိုင်ကယ်ကိုတွန်းလှဲပြီး တုတ်နဲ့ ရိုက်နှက်ခဲ့တာပါ။

ဒီအမှုမှာ ပါဝင်​ပတ်​သက်​တဲ့ ကျူးလွန်​သူ ၅ ဦးရှိပေမယ့် ငမိုး(ခ)မိုးကြီးဟာ ထွက်ပြေးလွတ်မြောက်နေလို့  ဝရမ်းထုတ်ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013